တိုင်းစည်ပင်ညွှန်မှူးတစ်ဦးကို ရာထူးလျှော့ချအရေးယူ

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးကို နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာလို့ ရာထူးတဆင့်ချပြီး အရေးယူလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို တွေ့ရစဉ် ဓါတ်ပုံ - ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့-ဖေ့စ်ဘွတ်

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးကို နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာလို့ ရာထူးတဆင့်ချပြီး အရေးယူလိုက်ပါတယ်။

စည်းကမ်းမလိုက်နာမှုတွေများလာလို့ အရေးယူလိုက်တာဖြစ်တယ်လို့ ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

"နိုင်ငံ့ဝန်ထမ်းတွေလိုက်နာရမယ့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာလို့ပေါ့၊ ညွှန်ကြားရေးမှူး ကနေပြီးတော့ ရာထူးတဆင့်ချလိုက်တယ်၊ မြို့တစ်မြို့ရဲ့ အမှုဆောင်အရာရှိအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဖို့ အမိန့်ထုတ်လိုက်တယ်ပေါ့၊ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာတဲ့အပေါ်မှာ စည်းကမ်းမလိုက်နာမှုတွေ များလာလို့ ဒီနေရာနဲ့ မသင့်တော်လို့ အရေးယူလိုက်ရတာပေါ့၊ ဒီရာထူးနဲ့ မသင့်တော်လို့ ရာထူးတဆင့်ချလိုက် ရတာ"

စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်ဟာ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသ ကြီး ဖျာပုံမြို့ကို မနေ့က ပြောင်းရွှေ့ခံလိုက်ရတာဖြစ်ပါတယ်။

အရးယူခံရတဲ့ ဦးအောင်မင်းနိုင်က သက်ပြည့်ပင်စင်တင်ထားတယ်လို့လည်း သိရပါတယ်။

လစ်လပ်သွားတဲ့ တိုင်းစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနေရာကို တိုင်းစည်ပင်သာယာရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကို ယာယီတာဝန်ပေးထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်က အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို ငွေကျပ် သိန်းတစ်ထောင့်ငါးရာကျော် အလွဲသုံးစားလုပ်မှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မနေ့က အမှုဖွင့်အရေးယူလိုက်ပါတယ်။

နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာတဲ့ ဝန်ထမ်းတွေကို အရေးယူတဲ့ အဲဒီအရေးယူမှု ၂ ခုဟာ သမ္မတသစ် ဦးဝင်းမြင့် တာဝန်ယူပြီးချိန်မှာ ပထမဆုံးပြုလုပ်တဲ့ အရေးယူမှုတွေဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org