ဧရာဝတီမြစ်ရေ မြင့်တက်နိုင် တယ်လို့ သတိပေး
ဧရာဝတီ မြစ်ရေဟာ လာမယ့် ၁၀ ရက် အတွင်း ၄ ပေကနေ ၆ ပေအထိ မြင့်တက် လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
-
2017-04-28 -
-
-
ဧရာဝတီ မြစ်ရေဟာ လာမယ့် ၁၀ ရက်အတွင်း ၄ ပေကနေ ၆ ပေအထိ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မြစ်အထက်ပိုင်းမှာ ရေပြန်ကျပြီး မြစ်လယ်နဲ့ အောက်ပိုင်းတွေမှာ မြင့်တက်လာနိုင်တယ်လို့ မိုးဇလ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကပြောပါတယ်။
"အပေါ်ပိုင်း မြစ်ကြီးနားတို့ ဘာတို့က ပြန်ကျနေပြီး အရင်ရက်က တက်ထားတဲ့ရေတွေက အောက် ကိုဖြတ်မယ့် အနေအထား မြစ်လယ်က ၄ ပေကနေ ၆ ပေလောက်ထိ မြစ်အောက်ပိုင်းဆိုရင် ၄ ပေကနေ ၅ ပေလောက် အထိ တက်နိုင်ပါတယ်"
ဗန်းမော်၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊မြင်းမူ၊ ပခုက္ကူ မြို့နယ်တွေမှာ လာမယ့် ၇ ရက်ကနေ ၁၀ ရက်အတွင်း ၄ ပေကနေ ၆ ပေ အထိ ဧရာဝတီမြစ်ရေ မြင့်တက်နိုင်ပြီး မကွေး၊ မင်းဘူး၊ ချောက်၊ အောင်လံ၊ ပြည်၊ ဟသာၤတနဲ့ ဇလွန်မြို့နယ်တွေမှာ ၄ ပေကနေ ၅ ပေအတွင်း မြင့်တက်လာနိုင်တယ်လို့ ပြောပါတယ်။
မြစ်ရေမြင့်တက်လာနိုင်တဲ့အတွက် ဧရာဝတီ မြစ်ကမ်းဘေးနေသူတွေနဲ့ ရေကြောင်းအသုံးပြုသွားလာနေသူတွေ သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပြီး သက်ဆိုင်ရာဌာနအသီးသီးနဲ့ မြစ်ကြောင်းအသုံးပြုနေတဲ့ အဖွဲ့အစည်းတွေကိုလည်း အကြောင်းကြားထားတယ်လို့ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနရဲ့ ဒီနေ့မနက် တိုင်းထွာချက်တွေအရ ကချင်ပြည်နယ်မှာ နေရာကျဲကျဲ၊ တနသာၤရီ၊ ရှမ်း၊ ချင်း၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။