ပုဂံရှေးဟောင်းနယ်မြေက ဒေသခံတွေ တောင်းဆိုချက်အချို့ကို လိုက်လျော

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲကနေ နုတ်ထွက်ခွင့်တောင်းထားတဲ့ ကျေးရွာ ခြောက်ရွာ က ဒေသခံတွေ တောင်းဆိုထားတဲ့အချက်အချို့ကို ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးအဖွဲ့က လိုက်လျောပေးလိုက်ပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို တွေ့ရစဉ်

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲကနေ နုတ်ထွက်ခွင့်တောင်းထားတဲ့ ကျေးရွာ ခြောက်ရွာက ဒေသခံတွေ တောင်းဆိုထားတဲ့အချက်အချို့ကို ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးအဖွဲ့က လိုက်လျောပေးလိုက်ပါတယ်။

အဲဒီတောင်းဆိုထားတဲ့ အချက်တွေကို မြေပြင်စည်းကမ်းချက်တွေနဲ့အညီ ခွင့်ပြုပေးထားတာလို့ ပုဂံရှေးဟောင်း သုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းလွင် က ပြောပါတယ်။

"သူတို့တောင်းဆိုတဲ့ အချက်တွေရှိတယ်လေ၊ မြေပြင် Guide လိုင်းလို့ခေါ်တဲ့ မြေပြင်အဆောက်အဦး တည်ဆောက်မှု ပုံစံလေးတွေပေါ့နော်၊ အထပ်အမြင့်တွေကအစ မြို့ပြပုံစံအတိုင်းပဲ ခွင့်ပြုပေးထားပါတယ်"

ဒေသခံတွေရဲ့ တောင်းဆိုချက်မှာ ပါဝင်တဲ့ ခရီးသွားဧည့်သည်တွေကို နေအိမ်မှာ လက်ခံခွင့် Home Stay နဲ့ တည်းခိုခန်းတွေ၊ အဆောက်အဦးတွေကို စည်းကမ်းချက်တွေနဲ့အညီ တည်ဆောက်ဖို့ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

အဲဒီလို ခွင့်ပြုတဲ့အတွက် ပုဂံမြို့ဟောင်းရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖြစ်ရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပုဂံခေတ်ကတည်းက တည်ရှိခဲ့တဲ့ အရှေ့ဖွားစော၊ အနောက်ဖွားစော၊ မင်းနန်သူ၊ သူဌေးကန်၊ မြင်းကပါနဲ့ တောင်ဘီ ရွာခြောက်ရွာက ဒေသခံတွေဟာ သူတို့ရွာတွေကို ယူနက်စကို ရှေးဒေသကမ္ဘာ့အမွေအနှစ်ဇုန်လို့ခေါ်တဲ့ အနီရောင်ဇုန်ထဲကနေ အဝါရောင်ဇုန်ဖြစ်တဲ့ လူနေထိုင်လို့ရတဲ့ဇုန် အဝါရောင်ဇုန်ထဲ ပြောင်းလဲထည့်သွင်းပေးဖို့ တောင်းဆိုထားတာပါ။

အဲဒီရွာတွေအနေနဲ့ တနိုင်တပိုင်တည်းခိုခန်းတွေ ဖွင့်လှစ်နိုင်ခွင့်၊ နောက်ထပ်အဆောက်အဦးသစ် ဆောက်မယ် ဆိုရင် ၁၆ ပေအမြင့်သာ ဆောက်လုပ်ဖို့ သတ်မှတ်ထားတာတွေကို ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

လာမယ့် ဇန်ဝါရီလမှာ ယူနက်စကိုထံ နောက်ဆုံးအစီရင်ခံစာ တင်ပြရမှာဖြစ်တဲ့အတွက် ရှေးဟောင်းသု တေသန ဦးစီးဌာနနဲ့ ယူနက်စကိုတာဝန်ရှိသူတွေ ညှိနှိုင်းစည်းဝေးပြီး ရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲက မထွက်စေဘဲ ဒေသခံတွေ တောင်းဆိုချက်အချို့ကို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org