ရွှေကျင်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီး အထောက်အထားကတ်ကို ငွေကြေးကောက်ခံပြီး ပြုလုပ်ခိုင်းနေ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့မှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားကတ်တွေကို ကျပ် တစ်သောင်းကနေ တစ်သောင်းခွဲအထိ တောင်းခံပြီး ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

( စစ်ကောင်စီ အာဏာမသိမ်းခင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက နေပြည်တော်မှာ ကိုဗစ်ကာကွယ်ဆေးတွေ NLD ဦးဆောင်တဲ့ အစိုးရက ထိုးပေးခဲ့စဉ်) Photo-AFP

ပဲခူးတိုင်းဒေသကြီး၊ရွှေကျင်မြို့မှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားကတ်တွေကိို ငွေကျပ် တစ်သောင်းကနေ တစ်သောင်းခွဲအထိ တောင်းခံပြီး ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အမှန်တကယ်ဆေးထိုးပေးတာ မဟုတ်ဘဲ ဆေးထိုးပြီးကြောင်းကတ်ပြားတွေလုပ်ပေးနေတာဖြစ်ပြီး အဲ့ဒီအထောက်အထားကတ်ရှိသူတွေသာ ရွှေကျင်မြို့တဝိုက်က မဒေါက်ဂိတ်၊ တောင်ဘက်တံတားဂိတ်နဲ့ ရှမ်းရွာဂိတ်တွေကို ဖြတ်သန်းသွားလာခွင့်ရကြတာ ဖြစ်ပါတယ်။

“ သူသူကိုယ်ကိုယ် သွားလာခွင့်ရဖို့အတွက် ပိုက်ဆံပေးပြီးတော့ ကတ်လုပ်လိုက်ကြတယ်။ ဆေးက တကယ်ထိုးခွင့်ရတာမဟုတ်တော့ ကိုဗစ်ကို ကာကွယ်သလိုမဟုတ်ဘဲ ပိုပျံ့အောင် လုပ်သလိုဖြစ်နေတယ်” လို့ ရွှေကျင်မြို့ခံတစ်ဦးက ပြောပါတယ်။

မဒေါက်ဂိတ်၊ တောင်ဘက်တံတားဂိတ်နဲ့ ရှမ်းရွာဂိတ်တွေဟာ ရွှေကျင်မြို့ပေါ်ကို တက်ဖို့ ကျေးရွာတွေက အသုံးပြုရတဲ့ ဂိတ်တွေဖြစ်သလို ညောင်လေးပင်လို တခြားမြို့တွေကို သွားဖို့ ဖြတ်သန်းရတဲ့ ဂိတ်တွေလည်း ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron) ပိုးကူးစက်ခံရသူဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ မနေ့ကအထိ ၁၄၆ ဦး ရှိနေပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org