သာယာဝတီမှာ ခြောက်ရက်အတွင်း ၁၄၄ ဦး ကိုဗစ်ကူးစက်ခံရ

2021.07.07
သာယာဝတီမှာ ခြောက်ရက်အတွင်း ၁၄၄ ဦး ကိုဗစ်ကူးစက်ခံရ ပဲခူးတိုင်းဒေသ သာယာဝတီမြို့နယ်မှာ Semi Lockdown ချထားလို့ စျေးများပိတ်ထားတဲ့မြင်ကွင်းကို ၂၀၂၁ ဇူလိုင် ၇ရက်နေ့က တွေ့ရစဉ်
Photo: CJ

ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ ကနေ မနေ့ကအထိ အချိန် ၆ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာပေါင်း ၁၄၄ ယောက် ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

သာယာဝတီမှာမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိမှုတွေဟာ ပြီးခဲ့တဲ့ဇွန်လ ၂၃ ရက်လောက်မှာ စခဲ့တာ ဖြစ်ပြီး သေဆုံသူကတော့ နှစ်ဦးရှိနေတယ်လို့ ကရုဏာရှင် လူမှုကူညီရေးအသင်းရဲ့ ခေါင်းဆောင် ကိုထူးကြီးက RFA ကို ပြောပါတယ်။

"သာယာဝတီမှာ ကျွန်တော်သိသလောက်တော့ သေဆုံးတဲ့သူ နှစ်ယောက်ပဲ ရှိပါသေးတယ်ခင်ဗျ။ ကျွန်တော်တို့က ခရိုင်ဖြစ်တဲ့အတွက် အပြင်နေရာကလာတဲ့ လူနာတွေ ICU ပို့တာလည်းရှိတော့ ဆုံးတာ အခုလောလောဆယ်တော့ PPE နဲ့ စနစ်တကျ သင်္ဂြိုဟ်ပေးရတာတော့ ခြောက်ယောက်ရှိတယ်။ အဲဒါ တခြားမြို့နယ်တွေကလည်း ပါပါဦးမယ်ခင်ဗျ"

သာယာဝတီခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကစလို့ ပိုးတွေ့လူနာ တစ်ဦး စတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဖေဖော်ဝါရီကနေ မေလအတွင်း ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကိုတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေ့ဘွတ်စ်စာမျက်နှာမှာ မတွေ့ရှိရပါဘူး။

အဲဒီနောက်ပိုင်း ဇူလိုင်လ ၁ ရက်နေ့ တစ်ရက်တည်းမှာ သာယာဝတီမှာ ပိုးတွေ့လူနာ ၆၅ ယောက်အထိရှိခဲ့ပြီး ပိုးတွေ့လူနာ အများဆုံးရှိခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။