သပိတ်စစ်ကြောင်းမှ ရရှိငွေများ သြင်္ကန်အပြီး ဗကသ ရှင်းမည်

အမျိုးသားပညာရေးဥပဒေ သပိတ် စစ်ကြောင်းတစ်လျှောက်မှာ ရရှိခဲ့တဲ့ ဘဏ္ဍာငွေ စာရင်းကို သြင်္ကန်ကာလအပြီး မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်မယ်လို့ ကြေညာ ချက် ထုတ်ပြန်ပါတယ်။

လက်ပံတန်းမြို့မှာ ၂ဝ၁၅ ခုနှစ် မတ်လ ၄ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့ထားခြင်းကိုခံရတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

အမျိုးသားပညာရေးဥပဒေ သပိတ်စစ်ကြောင်းတစ်လျှောက်မှာ ရရှိခဲ့တဲ့ ဘဏ္ဍာငွေ စာရင်းကို သြင်္ကန်ကာလအပြီး မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်မယ် လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ကျောင်းသားသပိတ် လမ်းကြောင်းတစ်လျှောက်မှာ အလှူငွေ ကျပ်သိန်းကိုးထောင် ရရှိခဲ့တယ်ဆိုပြီး ပြောဆိုနေ တာတွေကြောင့် ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ထုတ်ပြန် ပေးမှာဖြစ်တယ်လို့ကျောင်းသားသပိတ်ကာလအတွင်း ဘဏ္ဍာရေးမှူး တာဝန်ယူခဲ့တဲ့ ဗကသ ကျောင်းသူ မဟန်နီဦး က ပြောပါတယ်။

"စာရင်းဇယားတွေနဲ့လည်းရှိတယ်၊ တကယ်တော့  သိန်းကိုးထောင် ဆိုတာမဖြစ်နိုင်တာ အားလုံး သိပြီးသား လို့ ကျမတို့ယုံတယ်၊  ကျမတို့လမ်းတောက်လျှောက် မှာလည်း ပြည်သူတွေရဲ့ကျွေးမွေးမှုတွေ နဲ့သာ  သွားလာခဲ့တယ်၊ သတင်းစာရှင်းလင်းပွဲကို ဗကသရှေ့ဆက်မယ့်လုပ်ငန်းစဉ်နဲ့  ပတ်သက်တာတွေ ဘဏ္ဍာရေးနဲ့ တွဲပြီးတော့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့  အစီအစဉ်တော့ရှိတယ်"

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက မန္တလေးကနေ စတင်ခဲ့တဲ့ ကျောင်းသားသပိတ် စစ်ကြောင်းဟာ အလှူငွေ ကျပ်သိန်း ကိုးထောင် ရရှိထားကြောင်း ဖေ့ဘွတ်စ် မှာ ဝေဖန်ပြောဆိုမှုတွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီး မသမာမှုရှိတယ်လို့ စွပ်စွဲပြောဆိုလို သူတွေအနေနဲ့ အချက်အလက် အထောက်အထား သက်သေနဲ့ တကွ ပြောကြဖို့၊ အကြောင်းအရာ ခိုင်လုံတယ်ဆိုရင် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းလဲ ကြေညာချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org