အမျိုးသားရင်ကြားစေ့ရေး ထိခိုက်နိုင်တဲ့ ရုပ်ရှင် ပိတ်ပင်လို့ ပြန်ကြားရေးပြော

လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင် ပွဲတော်မှာ တင်သွင်းတဲ့ “Twilight Over Burma” ရုပ်ရှင်ကို ဆင်ဆာအဖွဲ့က ပိတ်ပင်ရခြင်းဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေ နိုင်သောကြောင့်ဖြစ်တယ်လို့ ရုပ်ရှင်ဆင်ဆာအဖွဲ့က ပြော ပါတယ်။

လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ပြသခွင့် ပိတ်ပင်ခံရတဲ့ Twilight Over Burma ရုပ်ရှင်ဇတ်ကားကို တွေ့ရစဉ် .

လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ တင်သွင်းတဲ့ “Twilight Over Burma” ရုပ်ရှင်ကို ဆင်ဆာအဖွဲ့က ပိတ်ပင်ရခြင်းဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်တယ်လို့ ရုပ်ရှင်ဆင်ဆာအဖွဲ့က ပြောပါတယ်။

ဇွန်လ ၁၄ရက်နေ့က ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံမှာကျင်းပတဲ့ စတုထ္ထအကြိမ်မြောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ တင်သွင်းတဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင်နဲ့ ဇနီး သြစတြီးယားနိုင်ငံသူတို့ အကြောင်း ရိုက်ကူးထားတဲ့ “Twilight Over Burma” ရုပ်ရှင်ကားကို ဆင်ဆာအဖွဲ့က ပြသခွင့်ပိတ်ပင်ခြင်းဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိုထိခိုက်စေလို့ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန လက်ထောက်အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင် က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့တင်သွင်းထားတဲ့ ရုပ်ရှင်ကား ၄၀ ကျော်ထဲက ဒီရုပ်ရှင်တစ်ကားထဲ အတားခံရတာဖြစ်ပါတယ်။

Twilight Over Burma ရုပ်ရှင်ဟာ ၁၉၆၄ ခုနှစ်က သီပေါစော်ဘွား စဝ်ကြာဆိုင်ကို စစ်တပ်ကဖမ်းသွား ပြီးနောက် ပျောက်ဆုံးသွားတဲ့အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဖြစ်ပြီး သြစတြီးယားနိုင်ငံ ဒေါဖလင်က ရိုက်ကူးတင်ဆက်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကိုကြည့်ရှုဖို့ ရုပ်ရှင်ပွဲတော်ကို သွားရောက်ခဲ့သူ NLD နာယက ဦးတင်ဦး ကို RFA ဦးတင်အောင်ခိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org