ဘင်္ဂလားဒေ့ရှ်ဘက်က ရိုးသားမှု မရှိဘူးလို့ သမ္မတရုံးအရာရှိ ဝေဖန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေ က မြန်မာနိုင်ငံသား အဖြစ် စိစစ်ထားခဲ့တဲ့ ဒုက္ခသည် ၂ ထောင် ကျော်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က သတင်း မီဒီယာတွေကို ပြော ကြားချက်ဟာ ရိုးသားမှုမရှိကြောင်း ၊ မြန်မာသမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက အင်တာနက်လူမှုရေး စာမျက်နှာ ကနေ ဒီကနေ့ ဝေဖန် လိုက်ပါတယ်။

နေပြည်တော်မှာကျင်းပခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ က တွေ့ရစဉ် Photo: Myo Thant Khaing/RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက မြန်မာနိုင်ငံ သားအဖြစ် စိစစ်ထားခဲ့တဲ့ ဒုက္ခသည် ၂ ထောင်ကျော် နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က သတင်း မီဒီယာတွေကို ပြောကြားချက်ဟာ ရိုးသားမှု မရှိကြောင်း ၊ မြန်မာသမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက အင်တာနက်လူမှုရေးစာမျက်နှာ ကနေ ဒီကနေ့  ဝေဖန် လိုက်ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အကူညီနဲ့ မြန်မာစစ်အစိုးရ လက်ထက် ကတည်းက စိစစ်သဘောတူခဲ့တဲ့ ဒုက္ခသည် စုစုပေါင်း ၂၄၁၅ ဦးကို လက်ခံမယ်ဆိုတာ ၂ဝဝ၅ ကတည်းက သဘော ထားဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဌာန အတွင်းဝန်က သတင်းမီဒီယာတွေကို ပြော ကြားချက်မှာ ၂ နိုင်ငံ အစည်းအဝေးမှာ ရရှိခဲ့တဲ့ ရလာဒ်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အောင်ပွဲ တစ်ရပ်လို ပြောဆိုခဲ့တာတွေ့ ရကြောင်းလည်း ဝေ ဖန်ထောက်ပြထားပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့က ပြီးစီးခဲ့တဲ့ ၂ နိုင်ငံ အစည်းအဝေးမှာ အဓိကသဘောတူခဲ့တာက အရင်သဘောတူထား တဲ့ ၂၄၁၅ ဦးကို ပြန်လည် စိစစ်မယ့် ပူးတွဲလုပ်ငန်းအဖွဲ့ကို ၂ လ အတွင်း ဖွဲ့စည်းရေးဆောင်ရွက်ဖို့ပဲ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်က ဒီဒုက္ခသည်တွေကို ရိုဟင်ဂျာလူမျိုးလို့ သုံးနှုန်းခဲ့တာဟာလည်း သံတမန်ရေးအရ ၂ နိုင်ငံဆက်ဆံရေးကို ထိခိုက်စေကြောင်း၊ ၂ လအတွင်း စိစစ်ရေးအဖွဲ့ ဖွဲ့ဖို့ သဘောတူတာကို ၂ လအတွင်း လက်ခံမယ်လို့ ပြောဆိုခဲ့တာကို လည်း မြန်မာဘက်က လက်မခံနိုင်ကြောင်းလည်း သမ္မတရုံးညွန်ကြားရေးမှူး ရဲ့ ရေးသားချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က  ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မြန်မာနိုင်ငံသား ၂ ထောင်ကျော်ကို ပြန်လည်လက်ခံဖို့ ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ နှစ်ဖက်ပူးတွဲ စိစစ်ရေးအဖွဲ့ကို ၂ လအတွင်း ဖွဲ့စည်းဖို့ သဘောတူခဲ့တာသာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ပြောနေသလို ဒုက္ခသည်တွေ ၂ လအတွင်း ပြန်လက်ခံဖို့ဆိုတာ မဟုတ်ဘူးလို့ သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

သမ္မတရုံး အကြီးတန်းအရာရှိကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org