ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ရေကြောင်း ရဲတပ်ဖွဲ့တွေ တိုးချဲ့ချထားမည်
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက်မှာ ရေကြောင်းရဲတပ်ဖွဲ့တွေ တိုးချဲ့ဖွဲ့စည်း သွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး နဲ့ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က ဒီနေ့ ပြောခဲ့ပါတယ်။
-
2014-10-01 -
-
-
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအတွက် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက်မှာ ရေကြောင်းရဲတပ်ဖွဲ့တွေ တိုးချဲ့ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးဗဟိုကော်မတီ အတွင်းရေးမှူး နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က ဒီနေ့ ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံမဟာဗျူဟာစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ အခုလို ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး ၊ ပြန်လည်နေရာချထားရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့နိုင်ငံသားစိစစ်ရေး၊ လူမှုစီးပွား ဖွံံံံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး စတဲ့အချက်တွေပါဝင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဘက်စုံမဟာဗျူဟာစီမံကိန်းနဲ့ပတ်သက်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းခဲ့တာကို လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ပြန်လည်ဆွေးနွေးခဲ့ပါတယ်။