နယ်စပ်ခြံစည်းရိုးကာဖို့ ငွေကျပ် ၂ဝ ဘီလီယံ လက်ငင်းဖြည့် ဆည်းမည်

လက်ရှိကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး ကာရံတဲ့လုပ်ငန်းတွေကို ချက်ချင်းဆောင်ရွက်နိုင်ဖို့အတွက် ပထမအဆင့်အနေနဲ့ ငွေကျပ် ၂၀ဘီလီယံကို နိုင်ငံတော်အစိုးရက လက်ငင်းဖြည့်ဆည်းပေးသွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို မြန်မာဘက်ခြမ်းက တွေ့ရစဉ် Photo: Thiha Tun/ RFA

လက်ရှိကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး ကာရံတဲ့လုပ်ငန်းတွေကို ချက်ချင်းဆောင်ရွက်နိုင် ဖို့အတွက် ပထမအဆင့်အနေနဲ့ ငွေကျပ် ၂၀ဘီလီယံကို နိုင်ငံတော်အစိုးရက လက်ငင်းဖြည့်ဆည်းပေးသွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး ကာရံတာနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ မှာ အသုံးပြုဖို့ ငွေကျပ် ၆ဘီလီယံကျော် ခွင့်ပြုပေးခဲ့ပြီး ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ခုနှစ်အထိဆိုရင် ခြံစည်းရိုး ကာရံဖို့အတွက် ဘီလီယံ ၁၉၀ ကျော်ကို ခွင့်ပြုပေးခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နယ်စပ်ခြံစည်းရိုး ကာရံတဲ့လုပ်ငန်းတွေအတွက် ပြည်ထဲရေးဝန်ကြီးဌာနက ရန်ပုံငွေတင်ပြတောင်းခံတာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကို လုပ်ငန်းအပ်နှံဆောင်ရွက်စေတာဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း အရေးကြီးတဲ့ မေယုတောင်တန်းနဲ့အပြိုင် ဖောက်လုပ်မယ့် လမ်းမကြီး ၂လမ်း၊ မေယုတောင်တန်းကို ဖြတ်ကျော်ဖောက်လုပ်မယ့် မေယုတောင်တန်းလမ်း ကွန်ရက်ဖောက်လုပ်ရေးစီမံကိန်းကို အမြန်ဆုံးဆောင်ရွက်ဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကို တာဝန်ပေးအပ်ထားပြီးဖြစ်တယ်လို့လည်း ပါရှိပါတယ်။

နယ်စပ်ခြံစည်းရိုးကာရံတဲ့လုပ်ငန်းနဲ့ မေယုတောင်တန်းလမ်းကွန်ရက် စီမံကိန်းလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရက တာဝန်ယူပြီး ဦးစားပေးအကောင်အထည်ဖော်နေရာ ရခိုင်ပြည်နယ်အတွင်း နယ်စပ်လုံခြုံရေးနဲ့ မောင်တောဒေသလုံခြုံရေးတို့ကို ပိုမိုကောင်းမွန်လာစေမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org