ဒုက္ခသည်တွေပြန်ပို့ဖို့၊ လက်ခံဖို့ အသင့်ဖြစ်နေပြီလို့ ဘင်္ဂလားဒေ့ရ်ှနဲ့မြန်မာပြော

ရိုဟင်ဂျာဒုက္ခသည်မိသားစု ၃ဝ ကို ကော့ဆက်ဘဇားခရိုင်အနီးက Gundrum နယ်စပ်စခန်းမှာ မနက်ဖြန် ကြာသပတေးနေ့ လွှဲပြောင်းပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာကလေးငယ်များကို ၂ဝ၁၈ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော်ထဲက ၂၂ဝဝ ကျော်ကို မြန်မာနိုင်ငံဘက် ပြန်ပို့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဒီနေ့ပြောလိုက်ပါတယ်။

ဒုက္ခသည်မိသားစု ၃ဝ ကို ကော့ဆက်ဘဇားခရိုင်အနီးက Gundrum  နယ်စပ်စခန်းမှာ မနက်ဖြန် ကြာသပတေးနေ့ လွှဲပြောင်းပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ပြန်လည်လွှဲပြောင်းပေးရေး မဟာမင်းကြီး Abul Kalam က ပြောပါတယ်။ ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို ကုလသမဂ္ဂက စိစစ်နေတယ်လို့လည်း ပြောပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကလည်း… မူလ စီစဉ်ထားတဲ့အတိုင်း ဒုက္ခသည်တွေကို စတင်လက်ခံဖို့ ပြင်ဆင်ထားပြီဖြစ်ပြီး၊ မနက်ဖြန်မှာ ဒုက္ခသည်အယောက် ၁၅ဝ လောက် ပြန်လာကြမယ်လို့ RFA ကို အတည်ပြုပြောဆိုပါတယ်။

ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်တဲ့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်အရ  မိမိသဘော ဆန္ဒအလျောက် မြန်မာနိုင်ငံဘက် ပြန်ချင်သူတွေကိုပဲ ပြန်ပို့ရမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org