ဒုက္ခသည်စခန်းတွေအတွက် တားမြစ်ကန့်သတ်ချက်တွေ ညွှန်ကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ဖို့၊ လူစုလူဝေးမလုပ်ဖို့နဲ့ အသံချဲ့စက်တွေ အသုံးမပြုဖို့ ဘင်္ဂလားဒေ့ရှ်တပ်မတော်ဘက်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်စ် ဘဇားက Balukhali ဒုက္ခသည်စခန်းကို တွေ့ရစဉ် Photo: DIBYANGSHU SARKAR / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ဖို့၊ လူစုလူဝေးမလုပ်ဖို့နဲ့ အသံချဲ့စက်တွေ အသုံးမပြုဖို့ ဘင်္ဂလားဒေ့ရှ်တပ်မတော်ဘက်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲနီးလာပြီဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်အောင် ကုတုပလောင် ဒုက္ခသည်စခန်းက စခန်းတာဝန်ရှိသူတွေ၊ စခန်းအလိုက်ခေါင်းဆောင်တွေကို မနေ့က ဘင်္ဂလားဒေ့ရှ် တပ်မတော်အရာရှိတွေက ခေါ်တွေ့ပြီး ညွှန်ကြားလိုက်တာလို့ ကုတုပလောင်ဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အဓိကအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဒေသခံတွေနဲ့ ဒုက္ခသည်တွေ ရောနှောမှုမရှိအောင် လူစုလူဝေးမလုပ်ဖို့ စခန်းခေါင်းဆောင်တွေကတဆင့် ညွှန်ကြားတာလို့ထင်ကြောင်း ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

၂ဝ၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ရာနဲ့ချီတဲ့ ဟိန္ဒူဒုက္ခသည်တွေနဲ့ သိန်းနဲ့ချီတဲ့ မွတ်စလင်ဒုက္ခသည်တွေ ထွက်ပြေးရောက်ရှိနေတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org