ရိုဟင်ဂျာတွေ ကြာရှည်မထားလိုဟု ဘင်္ဂလားဒေ့ရှ် ပြောကြား

ဘင်္ဂလာဒေ့ရ်ှနိုင်ငံ အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အမြဲတမ်း လက်ခံထားမှာမဟုတ်ဘူးလို့ ဟနွိုင်းမြို့က ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲကို ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ကိုယ်စား တက်ရောက်နေတဲ့ အရာရှိ Shahidul Haque က ဗုဒ္ဓဟူးနေ့ မနေ့က ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒုက္ခသည်စခန်းအနီးမှာ ကလေးငယ်တစ်ဦးကို ၂ဝ၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့က တွေ့ရစဉ် Photo: reuters

ဘင်္ဂလာဒေ့ရ်ှနိုင်ငံ အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို  အမြဲတမ်း လက်ခံထားမှာမဟုတ်ဘူးလို့ ဟနွိုင်းမြို့က ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲကို ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ကိုယ်စားတက်ရောက်နေတဲ့ အရာရှိ Shahidul Haque က ဗုဒ္ဓဟူးနေ့ မနေ့က ပြောဆိုပါတယ်။

သူတို့ဟာ သူတို့ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေဖြစ်ပါတယ်လို့ ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလာဒေ့ရ်ှနှစ်နိုင်ငံ ဒုက္ခသည်တွေကို ပြန်လက်ခံရေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလက သဘောတူခဲ့ကြပြီး နှစ်လအတွင်း ပြန်ပို့မှာဖြစ်တယ်လို့ပြောခဲ့ပေမယ့် ခုချိန်အထိ ပြန်ပို့နိုင်ခြင်း မရှိဖြစ်နေပါတယ်။

နိုင်ငံခြားရေးဝန်ကြီးက ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူသားချင်း စာနာထောက် ထားသောအားဖြင့် များများလက်ခံဖို့ တိုက်တွန်းလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org