မြန်မာအစိုးရထံက တုန့်ပြန်မှု စောင့်မျှော်ဆဲလို့ ဘင်္ဂလားဒေ့ရှ်ပြော

မြန်မာနိုင်ငံက ထွက်ပြေးရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေကို ပြန်ပို့ရေးအစီအစဉ်သစ်နဲ့ ပတ်သက် လို့ မြန်မာအစိုးရထံက တုန့်ပြန်ချက်ရဖို့ စောင့်မျှော်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ်အလီက ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီ တို့ အောက်တိုဘာလ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့ဆုံစဉ် Photo: Myanmar State Counsellor Office's Facebook

မြန်မာနိုင်ငံက ထွက်ပြေးရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေကို ပြန်ပို့ရေးအစီအစဉ်သစ်နဲ့ ပတ်သက်လို့ မြန်မာ အစိုးရထံက တုန့်ပြန်ချက်ရဖို့ စောင့်မျှော်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ်အလီ က ပြောကြားလိုက်ပါတယ်။

မြန်မာအစိုးရဝန်ကြီး ဦးကျော်တင့်ဆွေကလည်း ပြောင်းရွှေ့နေရသူတွေကို ပြန်ခေါ်ဖို့ အစိုးရအနေနဲ့ ဆန္ဒရှိကြောင်း သူ့ခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ဒီကနေ့ ပြောကြားခဲ့တာပါ။

ပြောင်းရွှေ့နေရသူတွေ ပြန်ပို့ဖို့ ၁၉၉၂ ခုနှစ်က နှစ်နိုင်ငံသဘောတူညီချက်ဟာ ဒီကနေ့ခေတ် အခြေအနေနဲ့ အံမဝင်တော့တဲ့အတွက် အစီအစဉ်သစ်တစ်ခုကို ဘင်္ဂလားဒေ့ရှ်ဘက်က အဆိုပြုတင်ပြထားပြီး၊ မြန်မာဘက်က သဘောထားတုန့်ပြန်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့လည်း ဝန်ကြီး ဟာဆန်မာမွတ်အလီက ပြောပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မနေ့က တနင်္လာနေ့တစ်ရက်တည်းမှာ ထွက်ပြေးဝင်ရောက်လာသူ ၁၁ဝဝဝ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောကြားလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org