ဘဏ်အားလုံး ကိုးရက် ပိတ်မယ်လို့ ဗဟိုဘဏ် ကြေညာ

မြန်မာနိုင်ငံထဲမှာ လုပ်ကိုင်ခွင့်ရရှိထားတဲ့ ဘဏ်တွေအားလုံးကို ဇူလိုင်လ ၁၇ ရက်နေ့ မနက်ဖြန်ကနေ ဇူလိုင် ၂၅ ရက်နေ့အထိ ကိုးရက်တာပိတ်သွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ တစ်ဆင့် ကြေညာထားပါတယ်။

ရန်ကုန်မြို့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တွေ့ရစဉ်

မြန်မာနိုင်ငံထဲမှာ လုပ်ကိုင်ခွင့်ရရှိထားတဲ့ ဘဏ်တွေအားလုံးကို ဇူလိုင်လ ၁၇ ရက်နေ့ မနက်ဖြန်ကနေ ဇူလိုင် ၂၅ ရက်နေ့အထိ ကိုးရက်တာပိတ်သွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် ကြေညာထားပါတယ်။

ဒီ ကိုးရက်ဟာ စစ်ကောင်စီကနေ အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် ကြေညာထားတဲ့ ကာလလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပုဂ္ဂလိက ဘဏ်တွေဖြစ်တဲ့ KBZ, AYA နဲ့ Yoma Bank တို့ကတော့ သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာနဲ့ ဝက်ဘ်ဆိုက်တွေမှာ ဘဏ်ပိတ်ကြောင်း အသိပေး ကြေညာထားတာမျိုးတော့ မတွေ့သေးပါဘူး။

ဘဏ်တွေအပြင် တာမွေမြို့နယ်မှာရှိတဲ့ ယုဇနပလာဇာကိုလည်း ဇူလိုင် ၁၇ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ယာယီပိတ်သိမ်းထားမှာဖြစ်ပြီး အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းကိရိယာရောင်းချတဲ့ ဆိုင်တွေ ကိုတော့ ဖွင့်လှစ်ထားဖို့ ယုဇနပလာဇာ စီမံခန့်ခွဲမှုကော်မတီကနေ အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကနေ ဒီပိတ်ရက် ကိုးရက်အတွင်းမှာ လူတွေကို ခရီးမသွားဖို့၊ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီဆိုင်တွေ ဆက်လက် ဖွင့်လှစ်ရောင်းချဖို့ စတဲ့ အချက်တွေကို ဇူလိုင်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org