ကချင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်ဒေသမှာ အစိုးရတပ်တွေနဲ့ KIAတပ်တွေ မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီနေ့မှာလည်း မနက်အစောပိုင်းကတည်းက အစိုးရဘက် က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KIA စစ်မဟာ ဗျူဟာဌာန က RFA ကို ပြောပါတယ်။

လှုပ်ရှားသွားလာနေသော အစိုးရတပ်သားတချို့ကို တွေ့ရစဉ် Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်ဒေသမှာ အစိုးရတပ်တွေနဲ့ KIAတပ်တွေ မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီနေ့မှာလည်း မနက်အစောပိုင်းကတည်းက အစိုးရ ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KIA စစ်မဟာဗျူဟာဌာန က RFAကို ပြောပါတယ်။

မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အစိုးရဘက်က တိုက်လေယဉ်နဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက် ပွဲတွေမဖြစ်ပွားခင် ဇူလိုင်လ ၁၀ ရက်နေ့၊ ညနေ ၅ နာရီက ဆွမ်ပရာဘွမ်မှာရှိတဲ့ KIA စခန်းကို နေရာေပြောင်းရွှေ့ပေးဖို့ အစိုးရတပ်ဘက်က စာပေးပို့ခဲ့တယ်လို့ KIA စစ်မဟာဗျူဟာဌာန အကြီးအကဲ ဗိုလ်မှူးကြီး ဇော်တောင် က ပြောပါတယ်။

"သူတို့ကတော့ ပြောတယ်၊ KIA ရဲ့နယ်မြေက ဧရာဝတီရဲ့ အရှေ့ဘက်ကမ်းမှာပဲ၊ ဒီအနောက်ဘက် ကမ်းမှာမဟုတ်ဘူး၊ ဒါကြောင့် အနောက်ဘက်ကမ်းက စခန်းကို ရွှေ့ပေးဖို့ဆိုပြီးမှ ညနေ ၅ နာရီလောက်မှာ စာဝင်တယ်၊ နောက်နေ့ ၉ နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်၊ ၁၁ ခွဲလောက်မှာ တစ်ကြိမ်၊ ညနေ ၃ နာရီလောက်မှာ တစ်ကြိမ်၊ ဒီမနက်မှာတော့ လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတာပဲကြားတယ်၊ ကျန်တဲ့ နောက်ဆက်တွဲကတော့ မကြားရသေးပါဘူး"

ဒီနေ့မနက် ၅ နာရီဝန်းကျင်ကတည်းက အစိုးရတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး၊ မြေပြင်ထိုးစစ်တွေလည်းရှိခဲ့ တယ်လို့ ပြောပါတယ်။

မနေ့ကတော့ အစိုးရတပ်တွေ လေကြောင်းကနေတိုက်ခိုက်တဲ့ KIAရဲ့ မလိယန် ရှေ့တန်းစခန်းကို ဆုတ်ခွာပေး လိုက်တယ်လို့ သိရပါတယ်။

အခုတိုက်ပွဲတွေဖြစ်ပွားတဲ့နေရာဟာ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ကချင်ပြည်နယ်တွင်းမှာဖြစ်ပေမယ့် အစိုးရ တပ်တွေကတော့ အဲဒီနေရာတွေဟာ KIA နယ်မြေမဟုတ်ဘူးလို့ အကြောင်းပြထားတယ်လို့ ဆိုပါတယ်။

KIA စစ်မဟာဗျူဟာဌာနမှုူး ဗိုလ်မှူးကြီးဇော်တောင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org