သင်္ကြန်ကာလ တိုင်းနဲ့ ပြည်နယ် ရှစ်ခုမှာ ပစ်ခတ်မှုတွေဖြစ်နေ

2022.04.15
သင်္ကြန်ကာလ တိုင်းနဲ့ ပြည်နယ် ရှစ်ခုမှာ ပစ်ခတ်မှုတွေဖြစ်နေ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မီးလောင်ပျက်စီးခဲ့သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ ချိကယ်ရပ်ကွက်က နေအိမ်အချို့ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

သင်္ကြန်အကြိုနေ့ကနေ ဒီကနေ့ သင်္ကြန်အကြတ်နေ့အထိ သုံးရက်အတွင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် နဲ့ ရခိုင်ပြည်နယ်တွေမှာ စစ်ကောင်စီတပ်ဘက်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဒီကာလမှာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်ခဲ့ပေမဲ့ ပြည်သူအများစုက လုံး၀မပါဝင်ဘဲ သပိတ်မှောက်ထားတာပါ။

အရင်နှစ်တွေက သင်္ကြန်ကာလအတွင်း အခုလို နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိခဲ့ဘဲ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နေရာတော်တော်များများမှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ နေ့စဉ်ဖြစ်နေတာပါ။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုက ပြုစုထားတဲ့ အချက်အလက်တွေ အရ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်ဖို့ အတွက် ဖွဲ့စည်းထားတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ပေါင်း ၃၅၀ ကျော် ရှိပါတယ်။

လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်နေကြတယ်လို့ PDF တာဝန်ရှိသူတွေ က ထုတ်ဖော်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။