၄ နိုင်ငံ စီးပွားရေးစြင်္ကန်လမ်း စီမံကိန်းဆွေးနွေးပွဲများ ပြန်လည်စတင်မည်

BCIM လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ ၄ နိုင်ငံကြား စီးပွားရေးစြင်္ကန်လမ်း တည်ဆောက်ရေး စီမံကိန်းအတွက် ဆွေးနွေးတိုင်ပင်တဲ့ လုပ်ငန်းစဉ်တွေကို လာမယ့်သီတင်းပတ်အတွင်း ဧပြီလ ၂၅ နဲ့ ၂၆ ရက်နေ့တွေ မှာ ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။

BCIM လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ ၄ နိုင်ငံကြား စီးပွားရေးစြင်္ကန်လမ်း တည်ဆောက်ရေး စီမံကိန်းအတွက် ဆွေးနွေးတိုင်ပင်တဲ့ လုပ်ငန်းစဉ်တွေကို လာမယ့်သီတင်းပတ်အတွင်း ဧပြီလ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ  ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်ပြီး  JSG ခေါ် ပူးတွဲလေ့လာရေးအဖွဲ့ အစည်းအဝေးကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်စ်ဘဇားမှာ နောက်ဆုံးကျင်းပခဲ့တာဖြစ်လို့ နှစ်နှစ်ခွဲကျော်ကြာပြီးမှ အခုပြန်လည် စတင်မှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ပူးတွဲလေ့လာရေးအဖွဲ့ JSG အစီရင်ခံစာကို အပြီးသတ်ဖို့အတွက် လေးနိုင်ငံက အစိုးရအရာရှိတွေ၊ ပညာရှင်တွေ တက်ရောက်ဆွေးနွေးကြမှာပါ။

BCIM စီးပွားရေးစြင်္ကန်လမ်းဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော်ကူမင်း၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား ၊ မြန်မာနိုင်ငံ မန္တလေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာနဲ့ စစ်တကောင်းမြို့တွေကို ဆက်သွယ်မယ့် စြင်္ကန်လမ်းစီမံ ကိန်း ဖြစ်ပါတယ်။

ဒီစီမံကိန်းကို ၁၉၉၉ ခုနှစ်ကတည်းက စိတ်ကူးရခဲ့ကြတာဖြစ်ပေမယ့် စြင်္ကန်လမ်းဖြတ်မယ့် ဒေသတွင်းမှာ မငြိမ်မ သက်ဖြစ်နေတဲ့အတွက် အကောင်အထည်ဖော်ရေးမှာ နှေးကွေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org