နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေခွဲထွက်အဖွဲ့တွေ စစ်ရေးတင်းမာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲသဝေါကျေးရွာအနီးတဝိုက်မှာ BGF နယ်ခြားစောင့်တပ်နဲ့ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေ နှစ်ဖက်စစ်ရေး တင်းမာ မှုတွေရှိနေတာကြောင့် မြိုင်ကြီးငူဆရာတော်က ဦးဆောင် ပြီး ဒေသခံ တစ်ထောင်ကျော်ကို မနေ့က မြိုင်ကြီးငူကျေးရွာ ကို ခေါ်ဆောင်ခဲ့ပါတယ်။
-
2016-09-11 -
-
-
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲသဝေါကျေးရွာအနီးတဝိုက်မှာ BGF နယ်ခြား စောင့်တပ်နဲ့ ဗိုလ်ကျော် သက်ဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေ နှစ်ဖက်စစ်ရေး တင်းမာ မှုတွေရှိနေတာကြောင့် မြိုင်ကြီးငူဆရာတော်က ဦးဆောင်ပြီး ဒေသခံ တစ်ထောင်ကျော် ကို မနေ့က မြိုင်ကြီးငူကျေးရွာကို ခေါ်ဆောင်ခဲ့ပါတယ်။
မြိုင်ကြီးငူဆရာတော်က ပြောင်းရွှေ့လာတဲ့ ဒေသခံတွေကို ခေါ်ယူစောင့်ရှောက် ထားတယ်လို့ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ ဒီကေဘီအေတပ်ဖွဲ့က ငြိမ်းချမ်းရေး အကျိုးဆောင်ကိုယ်စားလှယ် ဦးကျော်သီဟက ပြောပါတယ်။
"ကျနော်တို့သိသလောက်ဆိုရင်တော့ ရွာ ၁၆ ရွာ၊ ၁၇ ရွာလောက်ရှိတယ်ဗျ။ အိမ်ထောင်စု ပေါင်းတော့ မှန်းလို့မရဘူး။ လူဦးရေကတော့ လက်ရှိကို မြိုင်ကြီးငူ ကျေးရွာမှာတင် ဆရာတော် ခေါ်ယူ စောင့်ရှောက် ထားတာ ၁၃၀၀ ၊ ၁၄၀၀ လောက်ရှိပြီလို့ ကြားတယ်ဗျ" လို့ ဦးကျော်သီဟ က ပြောတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၃ ရက်နေ့က စပြီး ကော့ကရိတ်မြို့နယ်မှာ နယ်ခြားစောင့်တပ်နဲ့ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ ဒီကေဘီအေတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ ပါတယ်။ လက်ရှိ ဒီကေဘီအေတပ်ဖွဲ့တွေရှိတဲ့ မဲသဝေါဘက်ကို နယ်ခြားစောင့်တပ်ဖွဲ့တွေ ရောက်ရှိလာ တာကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ဖြစ်လာတာ လို့ ဦးကျော်သီဟ က ပြောပါတယ်။
မနေ့ကစပြီး ဒီနေ့မနက်အထိ ဒီကေဘီအေ တပ်တွေ အခြေစိုက်တဲ့နေရာကို နယ်ခြားစောင့် တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ် လို့လည်း ပြောပါတယ်။
တိုက်ပွဲတွေပြင်းထန်လာတဲ့အခါ ဒေသခံတွေ ထိခိုက်နိုင်တာကြောင့် မြိုင်ကြီးငူဆရာ တော်က ပြောင်းရွှေ့လို သူတွေကိုကားတွေနဲ့ ခေါ်ဆောင်ပေးနေတာ လို့ ပြောပါတယ်။ မဲသဝေါဒေသမှာ ဗိုလ်ကျော်သက်ဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေ၊ အစိုးရတပ် တွေနဲ့ နယ်ခြား စောင့်တပ်တွေ ရှိနေတာဖြစ်ပါတယ်။