အနက်ရောင်ဖဲကြိုးလှုပ်ရှားမှု မိုးကုတ်မြို့မှာ ပြုလုပ်

လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲခံရမှု အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်ရပ်တွေအတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများအဖွဲ့က အနက်ရောင်ဖဲကြိုးလှုပ်ရှားမှုကို မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ကျောင်းသားသပိတ်က ဖမ်းဆီးထားသူတွေကို လက်ပံတန်းမြို့မှာ မတ်လ ၁ဝ ရက်နေ့က ရုံးထုတ်လာစဉ် Photo: Aung Ko Ko/RFA

လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲခံရမှု အပါ အဝင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ် ရပ်တွေအတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများအဖွဲ့က အနက်ရောင်ဖဲကြိုးလှုပ်ရှားမှုကို မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အများအကျိုး ဆောင်ရွက်ချက်ကြောင့် သာယာဝတီ အကျဉ်းထောင်ထဲရောက်နေတဲ့ ကျောင်းသားတွေ အတွက် ဝမ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ် သြင်္ကန်အတက်နေ့မှာ ရေကစားသူတွေကို အနက်ရောင်ဖဲကြိုးတွေ လိုက်ဝေခဲ့တာလို့ မိုးကုတ်မြို့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများအဖွဲ့ဝင် ကိုကောင်းထက်အောင်က ပြောပါတယ်။

"လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲခံရတယ်၊ လက်ပံတောင်း ဒေါ်ခင်ဝင်းကို သေနတ်နဲ့ပစ်တယ်၊ နောက်တိုက်ပွဲတွေဖြစ်တယ်၊ ဒီဟာတွေကို ဝမ်းနည်း တယ်၊ နောက်ပြီး တရားဥပဒေစိုးမိုးမှုမရှိတဲ့ အဆုံးအဖြတ်တွေကို ကန့်ကွက်ရှုံ့ချတယ်၊ ဒါကြောင့်မို့ ဒီလှုပ်ရှားမှုကိုလုပ်ရတာပါ၊ လက်ပံတန်းကျောင်းသားတွေကို ထောင်ထဲကိုရောက်နေတယ်၊ သူတို့ဟာ အများပြည်သူရဲ့ အကျိုးကိုလုပ်တာဖြစ်တဲ့အတွက် သူတို့နဲ့ထပ်တူ ကျနော်တို့ကလည်းဝမ်းနည်းတယ်၊ ကျနော်တို့က အမြန်ဆုံးပြန်လွှတ်ပေးစချင်တယ်"

အဲဒီအဖွဲ့ဝင် လူငယ်၁၅ ယောက်က အနက်ရောင် ဖဲကြိုးတွေကို မိုးကုတ်မြို့က ကြက်ပြင်မြို့မရပ်ကွက်၊ ကြပ် ပြင်ဈေးရပ်ကွက်၊ ဂေါင်းဦးဘာရပ်ကွက်တွေမှာ လိုက်လံဝေငှခဲ့တာဖြစ်ပါတယ်။

အလားတူ မန္တလေးမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများအဖွဲ့ဝင်တွေကလည်း အနက်ရောင်ခေါင်းစည်း၊ လက်ပတ်၊ ဖဲပြားတွေကို ဝတ်ဆင်ပြီး မန္တလေးမြို့ပေါ်မှာ လည်ပတ်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org