ကျွန်းတံခါးကြီးတွေ ခိုးထုတ်နေခြင်းကို အာဏာပိုင်များ လစ်လျူရှု

စစ်ကိုင်းတိုင်း ကလေးမြို့ ပရိဘောဂ အလုပ်ရုံတွေမှာ တရားမဝင် ကျွန်းသစ်တွေနဲ့ တံခါးကြီးတွေ ပြုလုြပ်ပီး အိန္ဒိယနိုင်ငံကို တင်ပို့နေပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီး အရေးယူတာ မရှိဘူးလို့ သိရပါတယ်။

အဲဒီ ပရိဘောဂ အလုပ်ရုံတွေမှာ တရားမဝင် လုပ်ငန်း ဆောင်ရွက်နေကြပုံကို ကလေးမြို့နယ်က ဒေသခံ တဦးက ပြောပြပါတယ်။

“ကန်သာယာ ဘုန်းကြီးကျောင်းမှာ ကျွန်းခွဲစက် ရှိတယ်။ ဘုန်းကြီးကတော့ နိုင်ငံတော် လူကြီးတွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ရှိရင်ရှိမှာပေါ့။ ခွဲပြီးရင် သူတို့ ထော်လာကျီနဲ့ သူတို့ရဲ့ အိမ်တွေကို လာပို့တယ်။ ဂိတ်တွေမှာ သူတို့ အစစ်အဆေး မရှိဘူး။ ဘုန်းကြီးရဲ့ ပျဉ် ဆိုပြီး လုပ်ထားတယ်။ ပြီးရင် ပရိဘောဂအဖြစ် တံခါးချပ်အဖြစ်နဲ့ အိန္ဒိယကို တချပ်ကို လေးငါးခြောက်ထောင် ပေးပြီး တမူးကို တင်တယ်။ တမူးကနေ မှောင်ခိုလမ်းကနေ ရောင်းတယ်။ အိန္ဒိယငွေနဲ့ တပေကို ၂ ရာ ၃ ရာ အဲဒီလို ရောင်းတယ်။ အိန္ဒိယ မိုရေး ရောက်မှ ဗမာဘက်က ပန်းကနုတ်ဖော်တဲ့သူတွေကို ပန်းကနုန် ဖော်ခိုင်းပြီး ဟိုဘက် နိုင်ငံထဲကို ပို့တာပေါ့”

ဒီလို အဖိုးတန် ကျွန်းသစ်တွေကို တရားမဝင် ရယူ လုပ်ကိုင်နေတာကို ရဲက လစ်လျူရှုထားပြီး၊ ဒေသတွင်း ပြေးဆွဲနေတဲ့ အဝေးပြေး ကားလိုင်းတွေကိုသာ အကြောင်းရှာ ဖမ်းဆီးနေကြောင်းလည်း အဲဒီ ဒေသခံက ပြောပြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ဟာ အဖိုးတန် ကျွန်းသစ် ထွက်ရှိတဲ့ ဒေသဖြစ်ပြီး သစ်တောကြိုးဝိုင်း ထူထောင်ထားတဲ့နေရာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ပုဂ္ဂလိက ကျွန်းစိုက်ခင်း ထူထောင်ဖို့ အာဏာပိုင်တွေက ဧက ၁၄ဝဝ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org