သတင်းသမားတွေ ထောင်ချခံရမှု BNI အပြင်းအထန် ကန့်ကွက်

ယူနတီဂျာနယ် အမှုဆောင်အရာရှိချူပ်နဲ့ သတင်းထောက်တွေကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေအရ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တဲ့အပေါ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် တိုင်းရင်းသားသတင်းဌာန ၁၃ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ Burma News International (BNI) က ပြင်းထန်စွာကန့် ကွက်ကြောင်း ဒီကနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ သြဂုတ်လ ၁၇ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI) ရဲ့ အကြိမ် (၂ဝ) မြောက်အစည်းဝေးမှာ တက်ရောက်လာသူများ ကိုတွေ့ရစဉ် photo: RFA/ Aung Moe Myint

ယူနတီဂျာနယ် အမှုဆောင်အရာရှိချူပ်နဲ့ သတင်းထောက်တွေကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေအရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တဲ့အပေါ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် တိုင်းရင်းသားသတင်းဌာန ၁၃ ဖွဲ့နဲ့  ဖွဲ့စည်းထားတဲ့ နိုင်ငံ တကာ မြန်မာ့သတင်းအဖွဲ့ Burma News International - BNI က ပြင်းထန်စွာကန့်ကွက်ကြောင်း ဒီကနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ အစိုးရ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်ရန်ရှာမှုတွေနဲ့ ထိပ်တိုက် ရင်ဆိုင်နေရတာ သိသာထင်ရှားလာတဲ့အတွက် အခုလိုထုတ်ပြန်ပြောဆိုရတာဖြစ်တယ်လို့ KIC ကရင်သတင်းဌာနရဲ့ အယ်ဒီတာချူပ်လည်းဖြစ်၊ နိုင်ငံ တကာ မြန်မာ့သတင်း BNI အဖွဲ့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ နန်းဖောဂေက အခုလို ပြောပါတယ်။

“ဒီ ၂၀၁၄ နှစ်စပိုင်းကတည်းက အခုအချိန်ထိဟာ သတင်းသမားတွေအတွက်က လုံခြုံမှုမရှိတဲ့ သဘောဖြစ်နေ တယ်၊ သတင်းရယူတဲ့အပိုင်းမှာဖြစ်စေ၊ သတင်းရေးသားဖော်ပြတဲ့အပိုင်းမှာ ဖြစ်စေပေါ့၊ အထူးသဖြင့်တော့ သတင်းရယူမှုအပေါ်မှာပေါ့၊ အရေးယူခံရတာတွေ တရားစွဲခံရတာတွေ တောက်လျှောက်ဖြစ်နေတယ်၊ မရပ်တန့်သေးတဲ့အပြင် ဒီယူနတီဂျာနယ်က အမှုဆောင်အရာရှိချူပ်နဲ့ သတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ်ပေါ့နော်၊ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ အဲ့လိုမျိုး ချမှတ်လိုက်တဲ့ကိစ္စဟာ အရမ်းပြင်းထန်လွန်းအား ကြီးတယ်လို့ မြင်တယ်။ ဒါက ကျန်ရှိနေသေးတဲ့ မီဒီယာသမားအားလုံးကိုလည်း စိုးရိမ်စရာ ခြိမ်းခြောက်မှု တစ်ခုဖြစ်တယ်လို့ မြင်တဲ့အတွက် ဒီအပေါ်မှာ BNI အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်။”

လက်ရှိအစိုးရအနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတယ်ဆိုပြီး ပြောဆိုနေပေမယ့် ယူနတီဂျာနယ် သတင်းထောက်တွေကို အုပ်ချူပ်ရေး အာဏာပိုင်တွေရဲ့ စွက်ဖက်မှုနဲ့ ထောက်ဒဏ် ၁၀ နှစ်စီ ပြင်းထန်စွာ ချမှတ်လိုက်တာဟာ သတင်းထောက်တွေရဲ့ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို လုံးဝရိုက်ချိုးခံလိုက်ရတယ်လို့ ယူဆသလို၊ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု အပြည့်အ၀ အာမခံချက်မရှိသေးတာကိုလည်း ဖော်ညွန်းနေတယ် လို့ ထောက်ပြပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org