ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ် ရာပြည့်ပွဲ ပြည်ထောင်စု လွှတ်တော်မှာ ကျင်းပ
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ အခမ်းအနားကို နေပြည်တော် ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့က ဂုဏ်ပြုစကားပြောကြားပါတယ်။
-
2015-02-11 -
-
-
Your browser doesn’t support HTML5 audio
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့အခမ်းအနား ကို နေပြည်တော် ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် တို့က ဂုဏ်ပြုစကားပြောကြားပါတယ်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဗိုလ်ချုပ်အောင်ဆန်းကို ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးခေါင်းဆောင်အဖြစ် တင်စား ဂုဏ်ပြုကြောင်းအခုလိုပြောခဲ့ပါတယ်။
"ဗိုလ်ချုပ်ကို ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးခေါင်းဆောင်လို့ တင်စားဂုဏ်ပြုလိုပါ တယ်၊ အပြောအဆိုများအရသာလုပ်တာမဟုတ်ဘဲ ဗိုလ်ချုပ်ရဲ့လုပ်ရပ်များကို အခြေခံပြီးယုံကြည်ပြီး တင်ပြခြင်းဖြစ်ပါတယ်"
အခမ်းအနားမှာ နိုင်ငံရေးပါတီတွေနဲ့ တပ်မတော်သားကိုယ်စားလှယ် စုစုပေါင်း ၁၄ ဦးက ဗိုလ်ချုပ်ရာပြည့်အထိမ်း အမှတ် စာတမ်းတွေ ဖတ်ကြားခဲ့ကြပါတယ်။
အဲ့ဒီအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌတို့ တက်ရောက် ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် အထိမ်း အမှတ် အခမ်းအနားအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာနားဆင်နိုင်ပါတယ်။