ရန်ကုန် ဒလတံတားစီမံကိန်းအနီး ကားဗုံးပေါက်ကွဲ
ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း (အောက်လမ်း) နဲ့ ကမ်းနားလမ်း ထောင့် ဒလတံတား စီမံကိန်းအနီးမှာ နိုဝင်ဘာ ၁၀ ရက် ဒီနေ့မနက် ၈ နာရီ ဝန်းကျင်က အိမ်စီးကားတစ်စီးကနေ အနည်းဆုံး ပေါက်ကွဲမှု လေးကြိမ် ဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကို ပြောပါတယ်။
- 2021-11-10
-
-
-
ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း (အောက်လမ်း) နဲ့ ကမ်းနားလမ်းထောင့် ဒလတံတား စီမံကိန်းအနီးမှာ နိုဝင်ဘာ ၁၀ ရက် ဒီနေ့မနက် ၈ နာရီဝန်းကျင်က အိမ်စီးကားတစ်စီးကနေ အနည်းဆုံး ပေါက်ကွဲမှုလေးကြိမ် ဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကို ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ကားဟာ မီးလောင်ကျွမ်းခဲ့ပြီး အဲဒီမီးလောင်ကျွမ်းနေတဲ့ ရုပ်သံဖိုင်ဟာလည်း လူမှု ကွန်ယက်ပေါ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ ဗုံးရှင်းလင်းရေးလုပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လည်း ဒေသခံတွေက ပြောပေမယ့်၊ RFA အနေနဲ့ လတ်တလော သီးခြားအတည်မပြုနိုင်သေးသလို ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ကားနဲ့ ပိုင်ရှင်ကိုလည်း မသိရှိရသေးပါဘူး။
ကားပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာမှာ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတား စီမံကိန်းလုပ်ငန်းခွင်ရှိနေပြီး လမ်းရဲ့တစ်ဘက်ဖြစ်တဲ့ ၁၃ လမ်းမှာတော့ လမ်းမတော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး တည်ရှိ နေပါတယ်။