ကလေးမြို့ အထက(၆)အနီး ဗုံးကွဲ၊ ထိခိုက်ဒဏ်ရာရမှု မသိရသေး

စစ်ကိုင်းတိုင်း ကလေးမြို့ အောင်ဇေယျရပ်ကွက် အမှတ် (၆) ကျောင်းအနီးမှာ မေ ၂၄ ရက် ဒီနေ့ မနက် ကိုးနာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ အ.ထ.က ၆ ကျောင်းကို တွေ့ရစည် Photo CJ

စစ်ကိုင်းတိုင်း ကလေးမြို့ အောင်ဇေယျရပ်ကွက် အမှတ် (၆) ကျောင်းအနီးမှာ မေ ၂၄ ရက် ဒီနေ့ မနက် ကိုးနာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပေါက်ကွဲမှု ဘာကြောင့်ဖြစ်တယ်ဆိုတာနဲ့ ထိခိုက်ဒဏ်ရာရသူရှိ မရှိဆိုတာကို RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီလို ပေါက်ကွဲသံကြားရပြီးနောက်မှာ စစ်တပ်နဲ့ရဲတွေက ကျောင်းဝန်းအနီး သေနတ်ပစ်ခတ်တာတွေ လုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့မှာ ကျောင်းပေါင်း ၂၀၀ခန့်ရှိပြီး၊ ဒီနေ့မှာ ကျောင်းလာအပ်သူ အနည်းငယ်သာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့မှာ အခြေခံပညာ ဆရာ ဆရာမ စုစုပေါင်း ၂၈၀၀ ကျော်ရှိပြီးတော့ ၇၀ ရာခိုင်နှုန်းလောက်က အာဏာဖီဆန်ရေး CDM မှာ ပါဝင်ထားသူတွေဖြစ်တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ ကပြောပါတယ်။

ဒီကနေ့ ပေါက်ကွဲမှုနဲ့ဆိုရင် ကလေးမြို့မှာ ဗုံးပေါက်တာဟာ ငါးကြိမ်ခန့်ရှိနေပြီး၊ မေ ၁၆ ရက်နေ့ က ခရိုင်ပညာရေးမှူး ရုံးမှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org