ချင်းအမျိုးသားတပ်ဦး တီးတိန် ဆက်ဆံရေးရုံး ဗုံးပေါက်ကွဲ
ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ရဲ့ ချင်းပြည်နယ် တီးတိန်မြို့က ဆက်ဆံရေး ရုံးမှာ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီလောက်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။
-
2015-10-20 -
-
-
Your browser doesn’t support HTML5 audio
ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ရဲ့ ချင်းပြည်နယ် တီးတိန်မြို့က ဆက်ဆံရေးရုံးမှာ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီလောက်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။
ပေါက်ကွဲချိန်က ရုံးမှာတစ်ဦးတစ်ယောက်မှ မရှိတဲ့အတွက် လူအထိအခိုက်မရှိသလို၊ ဘယ်သူ့လက်ချက်လဲဆိုတာ စုံစမ်းနေဆဲဖြစ်တယ်လို့ CNF အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ပူးလ်ဇင်ကျုံးက RFA ကိုပြောပါတယ်။
"လက်လုပ်ဗုံးပဲဖြစ်လိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်၊ ဒါကျနော်တို့ စုံစမ်းစစ်ဆေးရေး လုပ်နေတုန်းပဲ ဘယ်သူ့လက်ချက်ဖြစ်တယ် ဘယ်လိုပေါက်ကွဲသွားတယ် ဆိုတဲ့ကိစ္စလည်း အခုကျနော်တို့ စုံစမ်းနေ ဆဲဖြစ်ပါတယ်၊ ကျနော်တို့ အတိအကျ ဘာမှမသိရသေးပါဘူး၊ ကျနော်တို့နဲ့ ပေါ်လစီပိုင်းဆိုင်ရာအရ ကွဲပြားတဲ့အဖွဲ့အစည်းမရှိဘူး"
ချင်းအမျိုးသားတပ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့တဲ့ ၈ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်ပါတယ်။
အဲ့ဒီလို အပစ်ရပ်စာချုပ် ဘာကြောင့်လက်မှတ်ထိုးရလဲဆိုတဲ့ ရှင်းလင်းဟောပြောပွဲတွေကို ပြုလုပ်ဖို့ CNF အဖွဲ့က စီစဉ်ထားတယ်လို့ သိရပါတယ်။ CNF အဖွဲ့ရဲ့ ဆက်ဆံရေးရုံးတွေကို တီးတိန်၊ ထန်တလန်နဲ့ မတူပီမြို့တွေမှာ ဖွင့်ထားပါတယ်။
CNF အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ပူးလ်ဇင်ကျုံးကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။