တောင်ကြီးမြို့မှာ ဗုံးတွေ့
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ စံပယ်လမ်းမှာရှိတဲ့ ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေး မွတ်စ်လင် မိဘမဲ့ဂေဟာနားမှာ ဒီနေ့ ဗုံးတစ်လုံးတွေ့ရှိ ခဲ့ပြီး တာဝန်ရှိသူတွေက အဲဒီဂေဟာဝင်းထဲမှာပဲ ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။
-
2013-12-25 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ စံပယ်လမ်းမှာရှိတဲ့ ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေး မွတ်စ်လင် မိဘမဲ့ဂေဟာနားမှာ ဒီနေ့ ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီး တာဝန်ရှိသူတွေက အဲဒီဂေဟာဝင်းထဲမှာ ပဲ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
ဗုံးကိုဖောက်ခွဲဖျက်စီးခဲ့တဲ့ အမှတ် ၉၀၃ စစ်မြေပြင် အင်ဂျင်နီယာတပ် တပ်မှူးတစ်ဦးက သူတို့အနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ရှာဖွေရေးကိစ္စကို ဆက်လက်ဆောင်ရွက်နေတယ်လို့ အခုလို ပြောပါတယ်။
“လက်ရှိတော့ နယ်တိုင်းမှာလည်းဖြစ်နေတာပေ့ါ၊ ရန်ကုန်မှာလည်းဖြစ်တယ်၊ နယ်လေးတွေမှာဖြစ်နေတော့ ဆူပူမှုဖြစ်အောင်လုပ်တာ ကျနော်တို့ကတော့ ရှာဖွေရေးတွေ ဘာလေးတွေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ငြိမ်ဝပ်ပိပြားရေးဖြစ်အောင်လို့ အေးချမ်းသာယာအောင်လို့ ရှာဖွေရေးတွေ ပိုက်စိတ်တိုက်ပြီး ထပ်မံလုပ်ဖို့စီမံထားပါတယ်”
အဲဒီဗုံးဟာ သံပိုက်အဖုံးနှစ်ဖက်ပိတ် လက်လုပ်ဗုံးဖြစ်တယ်လို့ သိရပါတယ်။ ဗုံးတွေ့ရှိတဲ့ မိဘမဲ့ဂေဟာအနီးကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင့်ဆန်း၊ ရှမ်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူတို့လည်း လာရောက်စစ်ဆေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်ကလည်း တောင်ကြီးမြို့၊ မြို့မရပ်ကွက်က နေအိမ်တစ်လုံးမှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အိမ်ရှင်ဖြစ်သူ ဒဏ်ရာရရှိခဲ့သလို ဒီဇင်ဘာလ ၁၃ ရက်ကလည်း ကန်အောက်ရပ်ကွက်ရှိ ရေမြောင်းတစ်ခုထဲမှာ လက်လုပ်မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး အဲဒီ ၃ လုံးကိုလည်း သက်ဆိုင်ရာက ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ သိရပါတယ်။