ဘရိုက်တန် အနုပညာပွဲတော်သတင်း

ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး အနုပညာ ပွဲတော်တခု ဖြစ်တဲ့ ဘရိုက်တန် အနုပညာပွဲတော်ကို မနေ့က ဖွင့်လှစ်ခဲ့ရာမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပွဲတော်ရဲ့ ဂုဏ်ထူးဆောင် ဒါရိုက်တာအဖြစ် သတ်မှတ်ခဲ့ပြီး ပွဲတော်ကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ ဘရိုက်တန် တမြို့လုံးအနှံ့ ချိတ်ဆွဲထားတဲ့ ဘရိုက်တန် အနုပညာပွဲတော်ကို တက်ရောက်ခဲ့တဲ့ Burma Campaign UK က မဇိုရာဖန်းက ပွဲတော်ဖွင့်ပွဲအကြောင်းကို အခုလို ရှင်းပြပါတယ်။

“ဒီဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ဧည့်သည်တော်အနေနဲ့ ဖိတ်ကြားထားတဲ့အကြောင်း ဘရိုက်တန် ပွဲတော် ညွန်ကြားရေးမှူးကို ရှင်းပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ပေါ့၊ ဒီ အနုပညာက တဆင့် မြန်မာပြည်ရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး၊ လွတ်မြောက်ရေးအတွက် တစုံတရာ ဖြစ်လာနိုင်ဖို့ ကူညီပေးဖို့ ပြောခဲ့ပါတယ်”

ဒီပွဲတော်ကို မေလ ၂၉ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ဂီတ၊ ရုပ်ရှင်နဲ့ အနုပညာရှင်တွေက သူတို့ရဲ့ အိမ်တွေကို ပြတိုက်အဖြစ် ဖွင့်လှစ်ပြသတာ ဖြစ်ပါတယ်။

ဒီ ပွဲတော်ရက်တွေအတွင်း မေလ ၁၇ ရက်နေ့မှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စကားရည်လုပွဲ တခုကို Burma Campaign UK က ကျင်းပဖို့ ရှိတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org