ခိုတောင်းကျွန်း လူသတ်မှု ထိုင်းရဲစစ်ဆေးပုံ ဗြိတိန်စိုးရိမ်
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံ သားနှစ်ဦး အသတ်ခံခဲ့ရတဲ့အမှုအပေါ် ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးပုံနဲ့ ပတ် သက်ပြီး အလွန်စိုးရိမ်မိကြောင်း ဗြိတိန်အစိုးရက ပြောပါ တယ်။
-
2014-10-13 -
-
-
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရတဲ့အမှုအပေါ် ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေး ပုံနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်မိကြောင်း ဗြိတိန်အစိုးရ က ပြောပါတယ်။
ဗြိတိန်နိုင်ငံခြားရေးရုံးနဲ့ ဓနသဟာယရုံးဝန်ကြီး Hugo Swire က ထိုင်းသံအမတ်ကြီးကို မနေ့က ခေါ်ယူပြော ကြားခဲ့တာပါ။
ဒီအမှုအပေါ် ထိုင်းအာဏာပိုင်တွေရဲ့ ကိုင်တွယ်စုံစမ်း ပုံတွေနဲ့ ပတ်သက်ပြီး၊ ဗြိတိန်နိုင်ငံအတွင်း စိုးရိမ် မှုတွေ ပေါ်ပေါက်နေပါတယ်၊ စုံစမ်းစစ်ဆေးတဲ့နေရာမှာ ပွင့်လင်းမြင်သာပြီး၊ နည်းလမ်းတကျ မှန်မှန်ကန်ကန်ရှိဖို့ အဓိကကျပါတယ်၊ ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းမီဒီယာနဲ့ ထိတွေ့ဆက်ဆံပုံဟာလည်း စိုးရိမ် ဖွယ်ဖြစ်နေပါတယ်၊ ဒီအမှုအတွက် စုံစမ်းစစ်ဆေးရေးနဲ့ ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်တွေမှာ ကူညီပံ့ပိုးသွားဖို့ ဗြိတိန်ရဲတပ်ဖွဲ့အနေနဲ့ အသင့်ရှိနေတယ်ဆိုတာ ထပ်လောင်းပြောကြားလိုပါတယ်လို့ ဝန်ကြီး Hugo Swire က ပြောဆိုခဲ့ကြောင်း ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာဖေါ်ပြပါတယ်။
ဒါ့ပြင်အမှု စုံစမ်းစစ်ဆေးချက် နောက်ဆုံးအခြေအနေတွေကို ဗြိတိန်အစိုးရနဲ့ အသတ်ခံရသူတွေရဲ့ မိသားစုတွေ ပုံမှန်ရရှိနေဖို့လိုအပ်ကြောင်းလည်း ဗြိတိန်နိုင်ငံခြားရေးရုံး ဝန်ကြီးက အလေးပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာ၊ ထိုင်း နဲ့ ဗြိတိန် အစိုးရတာဝန်ရှိသူတွေ ဘန်ကောက်မြို့မှာ ဒီကနေ့ မနက် ၁၀ နာရီမှာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒီအမှုအတွက် ကော့စမွေတရားရုံးမှာ ဒီကနေ့ တရားသူကြီးက တရားလိုပြသက်သေ ၃ ယောက် ဆီက ကြိုတင်စစ်ချက် ယူမှာဖြစ်ပါတယ်။
ဘန်ကောက်ပို့စ် သတင်းစာကတော့ အမှုနဲ့ပတ်သက်ပြီး သက်သေတွေဆီက ထူုးခြားတဲ့အချက်တွေ ပေါ်ထွက်လာဖွယ် မရှိဘူးလို့ ဖေါ်ပြပါတယ်။
ရဲက ထုတ်ပြမယ့် အမျိုးသားသက်သေ ကိုမောင်မောင်က သူ့အနေနဲ့ စွပ်စွဲခံရသူတွေနဲ့ တစ်ခန်းတည်း နေပေမဲ့၊ အခင်းဖြစ်ပွားတဲ့နေ့က သူတို့အရင် စောပြီးပြန်တဲ့အတွက် ဘာမှမသိကြောင်း၊ သူတို့နှစ်ယောက် ပြန်ရောက် လာချိန်မှာလည်း ထူးခြားတဲ့အမူအရာမျိုး မတွေ့ရကြောင်း သတင်းမီဒီယာတွေကိုပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။
သက်သေနောက်တစ်ဦးဖြစ်တဲ့ မြန်မာအမျိုးသမီးကလည်း အခင်းဖြစ်ပွားတဲ့နေရာက ဂစ်တာသံကြားခဲ့ရကြောင်း သာ ပြောဆိုခဲ့တာပါ။ နောက်ဆုံး သက်သေ မြန်မာအမျိုးသားအကြောင်းကိုတော့မသိရသေးပါဘူး။