ဗြိတိန်က မြန်မာကို လေးနှစ်အတွင်း ပေါင် သန်း ၂၀၀ ကျော် ကူညီမည်

မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာကူညီမှုဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ ဗြိတိသျှ အစိုးရဟာ လာမဲ့ လေးနှစ်အတွင်း အကူအညီတွေကို တိုးမြှင့်ပေးသွားမယ်လို့ ဗြိတိသျှ အစိုးရ နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးရေးဌာနရဲ့ မတ်လ ၁ ရက် မနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နှစ်နိုင်ငံချင်း ဆက်ဆံရေးပေါ်မှာ အခြေခံပြီး ထောက်ပံ့ကူညီတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမှိုက်ပုံထဲမှ စားကြွင်းစားကျန်များကို ရှာဖွေ စားသောက်နေသော ကလေးငယ်များ ဖြစ်ပါသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ဆင်းရဲသော လူနေမှုအခြေအနေဖြင့် နေထိုင်နေရကြောင်း ခန့်မှန်းတွက်ချက်ထားသည်။ (Photo: AFP) (Photo: AFP)

လက်ရှိ မြန်မာနိုင်ငံကို ပေးနေတဲ့ နိုင်ငံတကာ အလှူရှင် အစိုးရတွေထဲမှာ ဗြိတိသျှအစိုးရက ထိပ်ဆုံး ရောက်သွားပါတယ်။

ဒါနဲ့ပတ်သက်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ဗြိတိသျှ အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာကူညီမှု ထောက်ပံ့ငွေတွေ အဆပေါင်းများစွာ တိုးမြှင့် ထောက်ပံ့လာတာကို Burma Campaign UK အနေနဲ့ အလွန်ကျေနပ်ဝမ်းသာပါတယ်။ အခုဆိုရင် မြန်မာပြည်ကို ဗြိတိန်အစိုးရက တနှစ်ကို စတာလင်ပေါင် ၅၆ သန်း (ဒေါ်လာ ၉၁.၄ သန်း) လေးနှစ်ဆက်တိုက် ထောက်ပံ့ ကူညီသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ Burma Campaign UK အဖွဲ့ အနေနဲ့ ဗြိတိသျှ လွှတ်တော်ထဲမှာ စည်းရုံးလှုပ်ရှား ဆောင်ရွက်ခဲ့တယ်လို့ Mark Farmaner က ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org