ဗြိတိသျှသံအမတ်ကြီး မြစ်ကြီးနား မြို့ကို ရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Mr. Andrew Patrick ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေဟာ ဒီနေ့ ကချင်ပြည် နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့ပြီး ၃ ရက်ကြာခရီးစဉ် အတွင်း စစ်ဘေးဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် လည်ပတ်မယ်လို့ ပြောပါတယ်။

မြစ်ကြီးနားလေဆိပ်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရောက်ရှိ လာသော မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Mr. Andrew Patrick ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကို တွေ့ရစဉ် photo: RFA/ Kyaw Myo Min

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Mr. Andrew Patrick ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေဟာ ဒီနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့ပြီး ၃ ရက်ကြာခရီးစဉ်အတွင်း စစ်ဘေးဒုက္ခသည်စခန်းတွေ ကိုလည်း သွားရောက်လည်ပတ်မယ်လို့ ပြောပါတယ်။

သံအမတ်ကြီးဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ မနက်ဖြန် တွေ့ဆုံမှာဖြစ်တယ်လို့ သူနဲ့အတူလိုက်ပါ သွားတဲ့   ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် Joe Fisher က မြန်မာဘာသာနဲ့  ရှင်းပြပါတယ်။

"ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးခေါင်းဆောင်တွေနဲ့ ဗြိတိန်အစိုးရ နဲ့တွေ့ဖို့ အစီအစဉ်ရှိပါတယ်၊ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့နဲ့ တွေ့ဖို့ရှိပါတယ်၊ မနက်ဖြန် ဒုက္ခသည်စခန်းတွေကိုသွားဖို့ အစီအစဉ်ရှိပါတယ်၊ ဒါက သံအမတ်ကြီးရဲ့ ပထမဦးဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်၊ ကျနော်တို့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန DFID ရဲ့ အကြီးအကဲတွေပါပါတယ်၊ DFID က ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေ ပြန်ထောက်ပံ့ဖို့အတွက် ဒီနှစ်နှစ်ခွဲအတွင်းမှာ ဒေါ်လာသန်း ၂ဝ လောက် ထောက်ပံပေးဖို့ အစီအစဉ်ရှိပါတယ်"

သံအမတ်ကြီးနဲ့အတူ အင်္ဂလန်နိုင်ငံရဲ့အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဋ္ဌာန DFID ရဲ့ အကြီးအကဲ Mr.Gavin McGillivray လည်း လိုက်ပါလာပါတယ်။

ဗြိတိန်သံအမတ်ကြီးဟာ အခု ကချင်ပြည်နယ်ခရီးစဉ် မတိုင်ခင်ကလည်း ရခိုင်ပြည်နယ်ကိုရောက်ရှိခဲ့ပြီး ရခိုင်နဲ့ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org