မြန်မာ ၂ ဦး လူသတ်မှု ကျူးလွန်ကြောင်း သက်သေ ထင်ရှားလို့ ဗြိတိန်မိသားစုပြောဆို

ထိုင်းနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင် ငံသား ၂ ဦးရဲ့ မိသားစုတွေက အဲ့ဒီပြစ်မှုကို လက်ရှိဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၂ ဦး ကကျူးလွန် ခဲ့ကြောင်း အထောက်အထားတွေ ခိုင်လုံနေတယ်လို့ မနေ့က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ဗြိတိန်နှစ်ယောက်ကို သတ်ခဲ့တယ်လို့ ထိုင်းရဲက စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာနှစ်ဦးကို မြင်ရစဉ် Photo: BangKok Post

ထိုင်းနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ မိသားစုတွေကအဲ့ဒီပြစ်မှုကို လက်ရှိဖမ်းဆီးထားတဲ့  မြန်မာနိုင်ငံသား ၂ ဦးကကျူးလွန်ခဲ့ကြောင်း အထောက် အထားတွေ ခိုင်လုံနေတယ်လို့ မနေ့က ထုတ်ဖေါ်ပြော ကြားလိုက်ပါတယ်။

ဒီအမှုအတွက် စကော့တလန်ယဒ်ခေါ် ဗြိတိန်ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံကို သွားရောက်စုံစမ်းခဲ့ပြီးနောက် မိသားစုတွေကို သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေ ပေးအပ်ခဲ့ပါတယ်။

သက်သေအထောက်အထားတွေအရ စက်တင်ဘာလ က ဖြစ်ပွားခဲ့တဲ့ အဲ့ဒီလူသတ်မှုကို မြန်မာနိုင်ငံသား ကိုဇော် လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ကျူးလွန်ခဲ့ကြောင်းပေါ်လွင် ထင်ရှားပါတယ်လို့ မိသားစုဝင်တွေက သောကြာနေ့ မနေ့က ပြောပါတယ်။ ဒါပေမဲ့ မိသားစုဝင်တစ်ဦး ကတော့ နှစ်ဖက်သက်သေ ထွက်ချက်တွေ ကို စောင့် ကြည့်လေ့လာသင့်ကြောင်းပြောပါတယ်။

မြန်မာနိုင်ငံသား ၂ ဦးက အဲဒီ လူသတ်မှုကို သူတို့ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနဲ့ ထိုင်းရဲတွေက ညှင်းပမ်းနှိပ်စက်ပြီး အဓ္ဓမ ဝန်ခံခိုင်းခဲ့ကြောင်း ပြောဆိုထားပါတယ်။   ဒီအမှုကို တနင်္လာနေ့ မှာ ထိုင်းနိုင်ငံတရားရုံးက စတင်ကြားနာစစ်ဆေးမှာဖြစ် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org