မင်းပြားမြို့နယ်မှာ ကျွဲတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုကို သွားရောက်စစ်ဆေး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းဖျားမှာရှိတဲ့ ကျေးရွာတွေက ကျွဲတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေရှိနေတဲ့အပေါ် အစိုးရတာဝန်ရှိသူတွေက ဒီနေ့ သွားရောက် စစ်ဆေးနေတယ်လို့ ရွာခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းဖျားမှာရှိတဲ့ ကျေးရွာတွေက သေဆုံးနေတဲ့ ကျွဲတွေကို တွေ့ရစဉ် Photo: Tin Kyi

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းဖျားမှာရှိတဲ့ ကျေးရွာတွေက ကျွဲတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေရှိနေတဲ့အပေါ် အစိုးရတာဝန်ရှိသူတွေက ဒီနေ့သွားရောက်စစ်ဆေးနေတယ်လို့ ရွာခံတွေက ပြောပါတယ်။

မင်းပြားမြို့နယ် မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက တာဝန်ရှိသူတွေက ဒီနေ့သွားရောက် စစ်ဆေးနေတာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ တယ်လီဖုန်းဆက်သွယ်ရေးခက်ခဲတာကြောင့် RFA က ဆက်သွယ်လို့ မရသေးပါဘူး။

ပန်းမြောင်းကြီးချောင်းဖျားမှာရှိတဲ့ တောင်တွေမှာ ဒေသခံတွေဟာ ကျွဲတွေကို လွှတ်မွေးထားတာဖြစ်ပြီး အကောင်ရေ ၅၀ ထက်မနည်း သေဆုံးနေတဲ့ ကျွဲတွေကို အိုးပျဉ်တောင်ကျေးရွာသားတွေက ဒီလ ဒုတိယပတ်လောက်ကနေစပြီး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကျွဲတွေ အစုလိုက်အပြုံလိုက် သေဆုံးတာဟာ ကူးစက်ရောဂါတစ်ခုခုကြောင့်လို့ ဒေသခံတွေက ယူဆနေကြပေမယ့် သေဆုံးတဲ့အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ပြောကြပါတယ်။

ပန်းမြောင်းကြီးချောင်းဒေသမှာ ကျွဲနွားစားကျက်ကွင်းတွေ မရှိတာကြောင့် ဒေသခံတွေဟာ လယ်ယာထွန်ယက် ပြီးချိန်တွေမှာ ကျွဲတွေကို တောင်ပေါ်မှာ လွှတ်မွေးထားကြရတာဖြစ်ပြီး သေးဆုံတာတွေနဲ့ ပတ်သက်လို့ အစိုးရက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org