ဗြိတိန်က မြန်မာစစ်သံမှူးကို နှင်ထုတ်ဖို့ Burma Campaign UK တောင်းဆို
ဗြိတိန်နိုင်ငံရဲ့မြို့တော် လန်ဒန်မြို့တောင်ပိုင်းက ပေါင်ငွေသန်းချီတန်တဲ့အိမ်မှာ နေနေတဲ့ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီးစိုးအောင်ကို ဗြိတိန်နိုင်ငံကနေ လက်မခံဘဲ နှင်ထုတ်ဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကို Burma Campaign UK အဖွဲ့က တိုက်တွန်းတောင်းဆိုတဲ့ စာတစ်စောင် ဒီကနေ့ထုတ်ပြန်ပါတယ်။
- 2021-09-09
-
-
-
လန်ဒန်ရောက်မြန်မာတွေ ၂၀၂၁ ဧပြီ ၄ ရက်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြစဉ်
Photo: CJ
ဗြိတိန်နိုင်ငံရဲ့မြို့တော် လန်ဒန်မြို့တောင်ပိုင်းက ပေါင်ငွေသန်းချီတန်တဲ့အိမ်မှာနေနေတဲ့ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး စိုးအောင်ကို ဗြိတိန်နိုင်ငံကနေ လက်မခံဘဲ နှင်ထုတ်ဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကို Burma Campaign UK အဖွဲ့က တိုက်တွန်းတောင်းဆိုတဲ့ စာတစ်စောင် ဒီကနေ့ထုတ်ပြန်ပါတယ်။
စစ်သံမှူး ဗိုလ်မှူးကြီးစိုးအောင်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ကလေးတွေကို အဓ္ဓမကျင့်တဲ့ မြန်မာစစ်တပ်ကို ကိုယ်စားပြုတဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ဧပြီလတုန်းက ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စွာမင်း သံရုံးထဲ ပြန်မဝင်နိုင်အောင် သံရုံးကို သိမ်းယူမှုမှာလည်း တာဝန်ရှိသူတစ်ဦးဖြစ်လို့ သူ့ကို ဗြိတိန်နိုင်ငံက နှင်ထုတ်ဖို့ မြန်မာ့အရေးလှုပ်ရှားတဲ့ Burma Campaign UK အဖွဲ့က တောင်းဆိုတာပါ။
ဗြိတိန်နိုင်ငံမှာ မြန်မာစစ်တပ်ရဲ့ အဖွဲ့ဝင်တစ်ဦးက ဘာဖြစ်လို့ လွတ်လွတ်လပ်လပ် တာဝန်ထမ်းဆောင်ခွင့် ရနေတာလဲ၊ သူဟာ မြန်မာစစ်တပ်က တိုက်ရိုက်ပေးတဲ့အမိန့်နဲ့ လုပ်ဆောင်နေတဲ့သူဖြစ်လို့ ဗြိတိန်နိုင်ငံက မြန်မာအသိုင်းအဝိုင်းရဲ့ လုံခြုံရေးအတွက်လည်း စိုးရိမ်ရတယ်၊ စစ်သံမှူး ဗိုလ်မှူးကြီး စိုးအောင်ကို ဗြိတိန် နိုင်ငံမှာ နေထိုင်ခွင့်ပြုဖို့ ကောင်းမွန်တဲ့အကြောင်းပြချက် ဘာမှမရှိပါဘူးလို့ Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးက ထောက်ပြဝေဖန်လိုက်ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raabအနေနဲ့ ဗိုလ်မှူးကြီး စိုးအောင်ကို ဗြိတိန်ကနေ ချက်ချင်း နှင်ထုတ်ပေးဖို့လိုတယ်လို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။