နိုင်ငံကြီးနှစ်ခုကြား ကစားဖို့ မြန်မာအစိုးရ ကြိုးစား

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ သုံးရက်ကြာ မြန်မာပြည် ခရီးစဉ်ကို ကြည့်ရင် မြန်မာအစိုးရဟာ အမေရိကန်နဲ့ မြန်မာအကြား ဆက်ဆံရေး ပိုကောင်းလာအောင် ကြိုးပမ်းရင်း တဘက်မှာလည်း တရုတ်နိုင်ငံရဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို ဆက် ထိန်းထားလိုကြောင်း ဗမာပြည် ကွန်မြူနစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းက ဆိုပါတယ်။

ဒါပေမယ့် အမေရိကန် လိုလားတဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာအစိုးရက မလုပ်ဘူးဆိုရင်တော့ အမေရိကန် မြန်မာ ဆက်ဆံရေး ကောင်းလာဖို့ မလွယ်နိုင်ကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က မြင်ပါတယ်။

ဂျွန်မက်ကိန်းကို ပြည်ဝင်ခွင့်ဗီဇာ ပေးပြီး နှစ်နိုင်ငံ ဆက်ဆံရေးကောင်းဖို့ ကြိုးစားနေတဲ့ မြန်မာအစိုးရရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ရဲဘော်ဖိုးသံချောင်းနဲ့ ဦးဘိုလှတင့်တို့ရဲ့ အမြင်တွေကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org