မြန်မာပြည်တွင်းစစ်ကြောင့် ဒေသတွင်း မူးယစ်ဆေးသယ်ယူမှုပိုများ

တင်သွင်းလာတဲ့ မူးယစ်ဆေးတွေဟာ မြန်မာနိုင်ငံ ကချင်နဲ့ ရှမ်းပြည်ဘက်ကဖြစ်ပြီး ပြည်သူ့စစ်တွေ၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရာဇ၀တ်ဂိုဏ်းတွေက ဦးစီးနေကြတာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံတွင် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ ဖျက်ဆီးခြင်း အခမ်းအနားတွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးများရှေ့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။ REUTERS/Athit Perawongmetha

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ ဒေသတွင်း မူးယစ်ဆေးတင်သွင်းမှုကို တိုးများလာစေသလို ထိုင်းနိုင်ငံမှာ စိတ်ကြွဆေးနဲ့ ဘိန်းဖြူ ဖမ်းဆီးရမိတာတွေလည်း ပိုပြီးများလာတယ်လို့ ထိုင်းနိုင်ငံက အကြီးတန်း မူးယစ်ဆေး၀ါးတိုက်ဖျက်ရေး အရာရှိတစ်ဦးက ပြောဆိုတယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ မူးယစ်ဆေး၀ါးတားဆီးရေးဌာန (ONCB) လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် (Apikit Ch.Rojprasert) အာပီကစ် ရော့ချ်ပါဆဒ်က မူးယစ်ဆေး၀ါးတင်သွင်းမှုလမ်းကြောင်းဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းက အဓိကဖြစ်နေပြီး တင်သွင်းသူတွေဟာ တောင်တန်းတွေကို ဖြတ်ကျော်လာရောက်သလို မဲခေါင်မြစ်ကြောင်းတစ်လျှောက် သယ်ယူတင်သွင်းနေကြတယ်လို့ ပြောပါတယ်။ 

တင်သွင်းလာတဲ့ မူးယစ်ဆေးတွေဟာ မြန်မာနိုင်ငံ ကချင်နဲ့ ရှမ်းပြည်ဘက်ဖြစ်ပြီး ပြည်သူ့စစ်တွေ၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရာဇ၀တ်ဂိုဏ်းတွေက ဦးစီးနေကြတာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဒီပြောဆိုချက်အပေါ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပြီး အရင်ကတော့ သူတို့အနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

ထိုင်းအရာရှိ အာပီကစ်ကတော့ မူးယစ်ကုန်သွယ်မှုဟာ လက်နက်ခဲယမ်း ၀ယ်ယူဖို့ အဓိက၀င်ငွေလမ်းကြောင်းဖြစ်တယ်လို့ သုံးသပ်ပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိမှုတွေတိုးများနေပြီး အခုနှစ် ပထမ ရှစ်လအတွင်း ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ မနှစ်ကထက် ဖမ်းဆီးရမိမှု ၁၇၂ ရာခိုင်နှုန်း တိုးများလာတယ်လို့ ONCB စာရင်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org