မြန်မာစစ်သားမှတ်တမ်းရုပ်ရှင် အထူးပွဲပြသ

မြန်မာ့တပ်မတော် စစ်မြေပြင် အင်ဂျင်နီယာ တပ်သားဟောင်း တဦးဖြစ်သူ ဦးမျိုးမြင့်ရဲ့ ကိုယ်တွေ့ဘဝကို Burma Soldier (မြန်မာစစ်သား) လို့ အမည်ပေး ရိုက်ကူး ထားတဲ့ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန် ပြည်ထောင်စုတဝန်း တာဝန်ယူ ဖြန့်ချိပေးမဲ့ ကမ္ဘာကျော် HBO ရုပ်မြင်သံကြားကုမ္ပဏီက နယူးယောက်မြို့မှာ မေလ ၁၂ ရက် မနေ့က အထူးပွဲ ပြသခဲ့ပါတယ်။

ဒီအထူးပွဲမှာ HBO ကုမ္ပဏီက တာဝန်ရှိသူတွေ၊ သတင်း မီဒီယာတွေနဲ့ သက်ဆိုင်ရာ ဖိတ်ကြားခံရသူတွေ တက်ရောက်ခဲ့တဲ့အပြင် နယူးယောက်မြို့က မြန်မာနိုင်ငံသားတချို့လည်း တက်ရောက်ခဲ့ကြတယ်လို့ ဦးမျိုးမြင့်က ပြောပါတယ်။

“Home Box Office လို့ခေါ်တဲ့ HBO channel 2 ကနေပြီးတော့ မေလ ၁၈ ရက်နေ့ကျရင် အမေရိကန် ပြည်ထောင်စု တခုလုံးကို အင်္ဂလိပ်လို အပိုင်းပေါ့၊ English version ကို သူစတင်ပြီးတော့ ပြပေးမယ်။ အဲဒီတော့ မပြပေးခင်မှာ သူ့ HBO ကနေပြီးတော့ သက်ဆိုင်ရာ သတင်းဌာနတွေ၊ သတင်း လုပ်ကိုင်နေကြတဲ့ အေဂျင်စီတွေ၊ နောက်တခါ တခြား မှတ်တမ်းရုပ်ရှင် အဖွဲ့တွေနဲ့ ဖိတ်ကြားထားတဲ့ ပရိသတ်တွေကို ခေါ်ပြီးတော့ ဒီမှာ ပွဲဦးထွက် အစမ်းပြတဲ့ကားနဲ့ နောက် ဒီကားနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်မှာ ဖြစ်ပါတယ်။”

Burma Soldier ရုပ်ရှင်ကားကို အင်္ဂလိပ်ဘာသာနဲ့ရော မြန်မာဘာသာနဲ့ပါ နှစ်မျိုး ရိုက်ကူးထားပြီး HBO ရုပ်သံလိုင်း အမှတ် (၂ ) ကနေ လာမဲ့ မေလ ၁၈ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စုတဝန်း တပြိုင်နက်တည်း ပြသမယ်လို့ သိရပါတယ်။

နယူးယောြက်မို့က Burma Soldier မှတ်တမ်းရုပ်ရှင်ကား အထူးပွဲကို တက်ရောက်လာတဲ့ HBO ဒုတိယ ဥက္ကဋ္ဌ မစ္စ် နန်စီ အင်ဘရာဟင် နဲ့ RFA က မခင်ခင်အိ ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org