မြန်မာတွေအတွက် နိုင်ငံသား အခွင့်အရေး ဖို့ဝိန်းမြို့မှာ ဟောပြော
အမေရိကန်နိုင်ငံ အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့မှာ အခြေချ နေထိုင်တဲ့ မြန်မာ လူမျိုးတွေအတွက် နိုင်ငံသား အခွင့်အရေး အကြောင်း သိကောင်းစရာတွေကို နိုင်ငံသား အခွင့်အရေးဆိုင်ရာ အဖွဲ့က ပထမဆုံးအကြိမ် အဖြစ် ကြာသပတေးနေ့က လာရောက် ဟောပြောခဲ့တယ်လို့ သိရပါတယ်။
-
2011-06-11 -
-
-
Your browser doesn’t support HTML5 audio
အင်ဒီယားနားပြည်နယ် နိုင်ငံသားအခွင့်အရေး ကော်မရှင် အမှုဆောင် ညွှန်ကြားရေးမှူး Jamal Smith ဦးဆောင်တဲ့ အဖွဲ့ဟာ ဖို့ဝိန်းမြို့မှာ ဖွင့်လှစ်ထားတဲ့ အင်ဒီယားနား လူသားစွမ်းရည် မြှင့်တင်ရေး သင်တန်းကျောင်းမှာ လာရောက် ဟောပြောခဲ့တာ ဖြစ်တယ်လို့ သင်တန်းဆရာ ဦးကျော်သိန်းစိုးက ပြောပါတယ်။
“မြန်မာလူမျိုးတွေ ဖို့ဝိန်းမှာ ရောက်လာတယ်၊ လူသစ်တွေ ဖြစ်တယ်၊ သူတို့မှာ နိုင်ငံသားတိုင်း ရတဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေ သူတို့လည်း ရသင့်တယ်၊ အဲဒါတွေကို ချိုးဖောက်ခံရရင် တဦးတယောက်က အနိုင်ယူတာ မတော်မတရား ပြုလုပ်ခဲ့ရင် တိုင်ကြဖို့။ အရင်တုန်းကတော့ ဒီလို အခွင့်အရေးတွေ ရှိတယ်ဆိုတာ မသိကြဘူး။ အခု အဲဒါတွေ ရှိနေတယ်၊ ဒီနေရာတွေကို တိုင်ကြပါ၊ ဒီအခွင့်အရေးတွေကို အသုံးပြုကြပါ ဆိုတာကို သူတို့ လာပြီးတော့ အသေးစိတ် ရှင်းပြတာပါ”
သင်တန်းသား အများစုဟာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကနေ ပြောင်းရွှေ့လာကြသူတွေ ဖြစ်ပြီး၊ သူတို့မှာရှိတဲ့ အခွင့်အရေးတွေကို အခုလို သိရှိခွင့်ရတာကြောင့် အင်မတန် အကျိုးများတဲ့ ဟောပြောပွဲ ဖြစ်တယ်လို့ ဦးကျော်သိန်းစိုးက ပြောပါတယ်။
ဖို့ဝိန်းမြို့မှာ မြန်မာလူမျိုး ၈ ထောင်ဝန်းကျင် ရှိပြီး ‘မြန်မာလူမျိုးများ မဝင်ရ’ လို့ ခွဲခြားသတ်မှတ်တဲ့ အဝတ်လျှော်လုပ်ငန်း တခုနဲ့ ပတ်သက်တဲ့ အမှုတခု မနှစ်က လူသိရှင်ကြား ဖြစ်ပွားခဲ့ပါတယ်။
အင်ဒီယားနားပြည်နယ် နိုင်ငံသားအခွင့်အရေး အကြီးအကဲရဲ့ ဟောပြောပွဲမှာ ဘာသာပြန်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဖို့ဝိန်းမြို့ အင်ဒီယားနားတက္ကသိုလ်-ပါဒူးတက္ကသိုလ် ရွှေ့ပြောင်းအခြေချ နေထိုင်သူများ အသိပညာပေးရေး ဌာန ညွှန်ကြားရေးမှူး ဦးကျော်သိန်းစိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |