မြန်မာ့ရိုးရာလက်ဝှေ့ကျော် တူးတူး အဖမ်းခံထားရ
မြန်မာ့ရိုးရာလက်ဝှေ့ကျော် တူးတူး (နဂါးမာန်) နဲ့အတူ လူငယ် ခြောက်ဦးဟာ ဧပြီလ ၁၁ ရက် မနေ့က မကွေးတိုင်း မင်းဘူး (စကု) မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
- 2022-04-12
-
-
-
မြန်မာ့ရိုးရာလက်ဝှေ့ကျော် တူးတူး (နဂါးမာန်) နဲ့အတူ လူငယ် ခြောက်ဦးဟာ ဧပြီလ ၁၁ ရက် မနေ့က မကွေးတိုင်း မင်းဘူး (စကု) မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
မနေ့က မနက် ၁၀ နာရီဝန်းကျင်က မင်းဘူးခရိုင် စကုမြို့နယ်မြောက်ဘက်က စားသောက်ဆိုင်တစ်ခုမှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးတာခံခဲ့ရပြီး လက်ရှိ သူတို့ဟာ စစ်ကြောရေးကို အပို့ခံထားရတယ်လို့ ယူဆကြောင်း နီးစပ်သူက ပြောပြပါတယ်။
သူတို့ကို စကုမြို့ မင်းချောင်းတံတားအနီး ရွှေအိမ်သစ် စားသောက်ဆိုင်မှာ ပစ္စတို ငါးလက်၊ ကျည်ဆန်အချို့နဲ့ လက်ပစ်ဗုံး နှစ်လုံးတို့နဲ့အတူ စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း တရားဝင် ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
အသက် ၃၁ နှစ်အရွယ် တူးတူး (နဂါးမာန်) ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ ချန်ပီယံဖြစ်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ် ဆီးဂိမ်းမှာလည်း မွေထိုင်းလက်ဝှေ့မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလ ၅ ရက်က ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းက Utopia Tower မှာ ဗုံးသုံးလုံး ပေါက်ကွဲခဲ့ရာ MMA လက်ဝှေ့သမား ဖိုးသော် ဗုံးထိမှန်ဒဏ်ရာရခဲ့ပြီးနောက် မြောက်ဥက္ကလာပဆေးရုံမှာ ဆေးကုသခံယူနေချိန်မှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။