နိုင်ငံခြားကုမ္ပဏီ ၁၃ ခု ရေနံနဲ့ ဓါတ်ငွေ့ရှာဖွေခွင့်ရရှိ

မြန်မာကမ်းလွန်ပင်လယ်မှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ရှာဖွေဖို့ ကမ္ဘာကျော် Total, Chevron နဲ့ Shell ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီ ၁၃ ခုကို လုပ်ပိုင်ခွင့်တွေပြု လိုက်ကြောင်း မြန်မာအစိုးရ စွမ်းအင်ဝန်ကြီးဌာန က ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ Photo: Shwe Gas Movement

မြန်မာကမ်းလွန်ပင်လယ်မှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ရှာဖွေဖို့ ကမ္ဘာကျော် Total, Chevron နဲ့ Shell ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီ ၁၃ ခုကို လုပ်ပိုင် ခွင့်တွေပြုလိုက်ကြောင်း မြန်မာအစိုးရ စွမ်းအင်ဝန်ကြီး ဌာန က ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာလိုက်ပါတယ်။

အဲဒီ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံ အနောက်ပိုင်း နဲ့ တောင်ပိုင်း ဒေသတွေဖြစ်ကြတဲ့ မုတ္တမပင်လယ်ကွေ့၊ တနင်္သာရီနဲ့ ရခိုင်ကမ်းလွန်ရှိ ရေတိမ်နဲ့ရေနက် လုပ်ကွက် ၂ဝ မှာ ရေနံနဲ့သဘာဝ ဓါတ်ငွေ့တွေကို ရှာဖွေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိမှာ ရေနံထက်စာရင် ဓါတ်ငွေ့ ကိုအဓိကထားထုတ်လုပ်နေတဲ့နိုင်ငံဖြစ်ပြီး လွန်ခဲ့တဲ့ ၂ဝ၁၂-၁၃ ခုနှစ် ဘဏ္ဏာရေးနှစ်အတွင်း ဓါတ်ငွေ့ တင်ပို့ရောင်းချမှုကနေ ဝင်ငွေအဖြစ် အမေရိကန် ဒေါ်လာ သန်းပေါင်း သုံးထောင့် ခုနှစ်ရာ ရရှိခဲ့ပါတယ်။  မြန်မာပြည်က သဘာဝဓါတ်ငွေ့တွေကို အဓိကဝယ်ယူနေတာကတော့ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org