လှိုင်သာယာက မဲရုံတချို့မှာ မဲမသမာမှုတွေ ဖြစ်ပွားကြောင်း NLD ပြော
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေ စဉ်မှာ မဲမသမာမှုတွေဖြစ်ပွားခဲ့တယ်လို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် လှိုင်သာယာမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်တွေက ပြောပါတယ်။
-
2017-04-01 -
-
-
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာ မဲမသမာမှုတွေဖြစ်ပွားခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှိုင်သာယာမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်တွေက ပြောပါတယ်။
လှိုင်သာယာမြို့နယ် ၁၂ ရပ်ကွက်က မဲရုံမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတစ်ဦး မဲ ၂ ကြိမ်ထည့်တဲ့အတွက် ဖမ်းဆီးစစ်ဆေးနေတယ်လို့ လှိုင်သာယာမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် ကိုအောင်သန်းထွန်း က ပြောပါတယ်။
"အမှတ် ၁၂ ရက်ကွက်မှာ မဲ ၂ ခါထည့်တွေ ယောက်ျား ၂ ယောက်၊ မိန်းမ ၁ ယောက်ပေါ့ဗျာ၊ နာမည်တော့ သေချာမသိဘူး၊ ကျနော်တို့ဆီမှာတော့ မှတ်တမ်းတွေရှိပါတယ်။ အခုတော့ ကျနော်တို့ ဖမ်းထားတယ်၊ ရဲတွေစစ်နေတယ် အဲဒီမဲရုံမှာပဲ စစ်နေတယ်"
အမှတ် ၁၉ ရပ်ကွက်မှာလည်း တရားမဝင် မဲပေးခွင့်သက်သေခံလက်မှတ်တွေကို နိုင်ငံရေးပါတီတစ်ခု က ပေးဝေနေတာတွေ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှမ်းကျောင်းကျေးရွာက မဲရုံကိုလည်း မဲပေးခွင့်မရှိသူတွေ မဲစာရင်းမှာမပါသူတွေကို ပါတီတစ်ခုက လူစုလူဝေးနဲ့ မဲပေးဖို့ ခေါ်ဆောင်လာတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ရပြီး အမှုဖွင့်ပေးဖို့ တင်ပြခဲ့တယ်လို့ ကိုအောင်သန်းထွန်း က ပြောပါတယ်။
လှိုင်သာယာမြို့နယ်ဟာ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၃ သိန်းကျော်နဲ့ အများဆုံးဖြစ် ပါတယ်။