ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းမှာ ကျင်းပမည်

ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့်နှစ် နှစ်ဦးပိုင်း မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် က ပြောလိုက် ပါတယ်။

အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် Photo: MOI

ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့်နှစ် နှစ်ဦးပိုင်းမှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့် က ပြောလိုက်ပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် က ၂၀၁၇ နှစ်ဦးပိုင်းမှာ ကျင်းပဖို့လျာထားတယ်လို့ ပြောပါတယ်။

"အစိုးရဖွဲ့စည်းလိုက်တဲ့အထဲမှာ ပါသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ အဲ့ဒီနေရာတွေ အတွက်လည်း ကြားဖြတ်ရွေးကောက်ပွဲရော လုပ်လို့ရတယ်။ အန်ကယ်တို့ မျှော်မှန်းတာကတော့ ၂၀၁၇ နှစ်ဦးပိုင်းလောက် မှာ ဖြစ်ပါမယ်။ ကြေညာတဲ့အခါကျရင်တော့ ရက်အတိအကျသိမယ်။ ကြားဖြတ်ရွေးကောက်ပွဲမကျင်းပခင် ကြားကာလမှာ လစ်လပ်သွားနိုင်တဲ့နေရာတွေ ရှိနေနိုင်တဲ့အတွက် လစ်လပ်နေရာအတိအကျကို မပြောနိုင်သေးတာ"

အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က နယ်မြေအေးချမ်းမှုမရှိလို့ ရွေးကောက်ပွဲမကျင်းပ ခဲ့ရတဲ့ မိုင်းရှုးမြို့နယ်နဲ့ ကျေးသီးမြို့နယ်တွေမှာ ဒီနှစ်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ရှိ၊ မရှိ မေးမြန်းတာကို ကော်မ ရှင် အဖွဲ့ဝင် ဦးအောင်မြင့် က လာရောက်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ကိုယ်စားလှယ်တွေထဲက သမ္မတ၊ ဒုတိယ သမ္မတတွေ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေအဖြစ် ပြည်ထောင်စုအဆင့်မှာ ရွေးချယ်တာဝန်ပေးခံရရင် ကိုယ်စားလှယ်အဖြစ် ကနေ နှုတ်ထွက်ရတဲ့အတွက် အဲ့ဒီမဲဆန္ဒနယ်မြေမှာ ကိုယ်စားလှယ်နေရာ လစ်လပ်သွား တာဖြစ်ပါတယ်။

လတ်တလော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် စုစုပေါင်း ၁၆ နေရာမှာ ကိုယ်စားလှယ်လစ်လပ်နေပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော၊ မိုင်းလား၊ ကျေးသီး၊ မိုင်းရှူး စတဲ့ မြို့နယ် ၇ ခုမှာ လံုံခြုံရေးအခြေအနေကြောင့်ဆိုပြီး ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org