ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်အဆင့်ဆင့် ထုတ်ပြန်
လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
-
2016-10-19 -
-
-
လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် လုပ်ငန်းစဉ် အဆင့်ဆင့် ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်း နာမည်စာရင်းတင်သွင်းတာတွေ၊ နာမည်စာရင်းစိစစ်တာတွေကို လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၈ ရက်နေ့အတွင်း လုပ်ဆောင်သွားမှာဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း နာမည်စာရင်းတွေ ကို ကြေညာသွားမှာ ဖြစ်ပါတယ်။
မဲဆွယ်စည်းရုံးခွင့်ကာလကိုတော့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ကနေ မတ်လ ၃၀ ရက်နေ့အထိ သတ်မှတ်ပေးထားပြီး ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် နာမည်စာရင်းတွေကို ၂၀၁၇ ဧပြီလ ၂ ရက်နေ့ကနေ ၅ ရက်နေ့ အတွင်း ထုတ်ပြန်ကြေညာပေးသွား မှာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။
လစ်လပ်မဲဆန္ဒနယ် ၁၈နေရာမှာ အကြုံးဝင်တဲ့ ပြည်ပရောက်မဲဆန္ဒရှင်တွေဟာ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ ပုံစံ ၁၅ တွေကို လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အတွင်း သက်ဆိုင်ရာ သံရုံးတွေကို ပေးပို့ရမှာ ဖြစ်ပါတယ်။