ကိုယ်စားလှယ်လောင်းအမည် စာရင်းတွေ USDP ပါတီဗဟိုထံ တင်ပြ

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ်မဲဆန္ဒနယ် အားလုံးအတွက် မြို့နယ်တစ်မြို့နယ်ကို ကိုယ်စားလှယ်လောင်း ၃ ဦး စီ ရွေးချယ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဗဟိုထံ မြို့နယ်အလိုက် တင်ပြထားတယ်လို့ သိရပါတယ်။

နေပြည်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ကို တွေ့ရစဉ် Photo: Myo Thant Khaing/RFA

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ်မဲဆန္ဒနယ်အားလုံးအတွက် မြို့နယ်တစ်မြို့နယ်ကို ကိုယ်စား လှယ်လောင်း ၃ ဦးစီ ရွေးချယ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဗဟိုထံ မြို့နယ်အလိုက် တင်ပြထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၅ နေရာအတွက် ကိုယ်စားလှယ်လောင်း ၃ ဦး စီရွေးချယ်ပြီး ဗဟိုကို တင်ပြထားပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသာဝင်းက ပြောပါတယ်။

"ရန်ကုန်တိုင်းမှာ ၅ နေရာလစ်လပ်တော့ ၅ နေရာလုံးဝင်ပြိုင်မှာပေါ့ အကြမ်းဖျဉ်းလျာထား တင်ပြထားတာပေါ့ မြို့နယ်တွေက တင်ပြချက်ကို တိုင်းက စိစစ်ရေးကော်မတီကစိစစ်ပြီး လျာထားတစ်နေရာကို ၃ ယောက်လောက် တင်ပြထားတာရှိတယ် ပြီးခဲ့တဲ့အပါတ်ကပဲ ပို့ပြီးပါပြီ" လို့ ပြောပါတယ်။

လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက လစ်လပ်နေရာ အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် စာရင်းတွေ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထားတင်သွင်းရမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org