သံဃာတော်အများအပြား ထောင်ဝင်စာတွေမဲ့သူ မရှိ

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီး ထောင်ချခံနေရတဲ့ သံဃာတော် အမြောက်အများကို ထောင်ဝင်စာတွေ့ပြီး ကူညီမဲ့သူ ကင်းမဲ့နေတဲ့အတွက် အဲဒီသံဃာတွေကို ကူညီ ထောက်ပံ့ရာမှာ ပါဝင်ကြဖို့ သာသနာ့ ဥသျှောင်အဖွဲ့ဝင် သံဃာတော်တွေက ဦးစီးပြီး ပြည်တွင်း ပြည်ပက အလှုရှင်တွေကို တိုက်တွန်း နိုးဆော် လိုက်ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးအတွင်း ၂၀ဝ၇ခုနှစ် စက်တင်ဘာ ၂၀ရက်နေ့က ရန်ကုန်မြို့တွင် မိုးထဲရေထဲမှာပင် သာသနာ့အလံ လွှင့်ထူကာ မေတ္တာပို့ဆုတောင်းရင်း စီတန်းြွကချီလာကြသော သံဃာတော်များ ဖြစ်ပါသည်။ (Photo: AFP) AFP

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီး ထောင်ချခံနေရတဲ့ သံဃာတော် အမြောက်အများကို ထောင်ဝင်စာတွေ့ပြီး ကူညီမဲ့သူ ကင်းမဲ့နေတဲ့အတွက် အဲဒီသံဃာတွေကို ကူညီ ထောက်ပံ့ရာမှာ ပါဝင်ကြဖို့ သာသနာ့ ဥသျှောင်အဖွဲ့ဝင် သံဃာတော်တွေက ဦးစီးပြီး ပြည်တွင်း ပြည်ပက အလှုရှင်တွေကို တိုက်တွန်း နိုးဆော် လိုက်ပါတယ်။

ပြည်သူတွေ အတွက် လှုပ်ရှား ဆောင်ရွက်ရင်း အကျဉ်းကျခံနေရတဲ့ သံဃာတော် အပါး ၂၀၀ ကျော်ထဲက ထောင်ဝင်စာ အခက်အခဲ ကြုံနေရတဲ့ သံဃာတော် ၂၅ ပါးအတွက် အခုလို စီစဉ် ဆောင်ရွက်တာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံ နယူးယောက်မြို့က သာသနာ့ ဥသျောင်အဖွဲ့ဝင် အရှင်ပညာနန္ဒက မိန့်ကြားပါတယ်။

"NLD မှာ မဲဖောက်တာတွေ ကျန်နေတယ်ဆိုတော့ ဦးဇင်းက အကုန်လုံး မတတ်နိုင်တော့ ဘုန်းကြီးတွေထဲက လုံး၀ ထောင်ဝင်စာမရှိတဲ့ အဆင်းရဲဆုံး အခက်အခဲဆုံး ဘုန်းကြီးတွေ ရွေးပေးလိုက်ပါလို့ ဆိုတော့ ၂၅ ပါးကို ရွေးပေးလိုက်တယ်။ ဦးဇင်းကနေပြီးတော့ မဲဆောက်မှာရှိတဲ့ သာသန ဥသျှောင်ရုံး အဖွဲ့အစည်းနဲ့ တိုင်ပင်ပြီးတော့ ဒီ၂၅ ပါးအတွက် နီးစပ်ရာ အလှူခံပြီး လုပ်မယ်ဆိုပြီးတော့ လုပ်လိုက်တာ။"

အလှုရှင်တွေအနေနဲ့ မိမိတို့ကူညီလိုတဲ့ သံဃာတော် တပါးကို ရွေးချယ်ကာ လစဉ် ဒေါ်လာ ၁၀ လှုဒါန်း ပါဝင်နိုင်ကြောင်း၊ အခုထိ သံဃာ ၁၃ ပါး အတွက် အလှုငွေ ရရှိထားပြီး ဖြစ်ကြောင်းနဲ့ကျန်တဲ့ သံဃာ ၁၂ ပါး အတွက် လိုအပ်နေသေးကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အရှင်ပညာနန္ဒနဲ့ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org