ကမ္ဘောဒီးယား ဒု-ဝန်ကြီးချုပ်ကို အာဆီယံအထူးသံတမန် တာဝန်ပေးမှု ကုလကြိုဆို

UNSC ရဲ့ ကြေညာချက်မှာ အာဆီယံအထူးသံအနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ပြီး မြန်မာနိုင်ငံက ပြဿနာတွေကို အဖြေရှာဖို့၊ ပတ်သက်သူအားလုံးကို တွေ့ဆုံစကားပြောဖို့တွေ ပါဝင်ပါတယ်။

၂ဝ၁၇ ခုနှစ်က ကျင်းပသည့် အာဆီယံ-သြစတေးလျအစည်းအဝေးကို တက်ရောက်လာသော ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် Prak Sokhonn။ Photo: Reuters

မြန်မာနိုင်ငံအရေး ကြားဝင်ဆောင်ရွက်ဖို့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn ကို အာဆီယံအထူးသံအဖြစ် တာဝန်ပေးလိုက်တာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC က ဖေဖော်ဝါရီလ ၂ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် ကြိုဆိုလိုက်ပါတယ်။

UNSCရဲ့ ကြေညာချက်မှာ အာဆီယံ အထူးသံအနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံး သွားရောက်ပြီး မြန်မာနိုင်ငံက ပြဿနာတွေကို အဖြေရှာဖို့၊ ပတ်သက်သူအားလုံးကို တွေ့ဆုံစကားပြောဖို့တွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆောင်ရွက်ပေးဖို့၊ မြန်မာနိုင်ငံ အရေးကို မြန်မာပြည်သူတွေရဲ့ လိုလားချက်အတိုင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့ အညီ ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံအရေး ဆောင်ရွက်မယ့် အထူးကိုယ်စားလှယ်ကိုလည်း မြန်မာနိုင်ငံ ပြဿနာအတွက် ပါဝင်ပတ်သက်သူတွေ အားလုံးနဲ့တွေ့ဆုံဖို့ အားပေးထားသလို အာဆီယံ အထူးကိုယ်စားလှယ်နဲ့ပါ လက်တွဲဆောင်ရွက်ဖို့လည်း ကြောညာချက်မှာ တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org