ကနေဒါက မြန်မာသံရုံးရှေ့ ဆန္ဒပြကြ
၁၉၈၈ လူထုအရေးတော်ပုံနှစ်ပတ်လည်အဖြစ် ကနေဒါနိုင် ငံရောက် မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားသူတချို့အော့ တဝါမြို့ရှိ မြန်မာသံရုံးကို မနေ့က သွားရောက် ဆန္ဒပြခဲ့ကြ ပါတယ်။
-
2015-08-07 -
-
-
Your browser doesn’t support HTML5 audio
၁၉၈၈ လူထုအရေးတော်ပုံနှစ်ပတ်လည်အဖြစ် ကနေဒါနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားသူတချို့အော့တဝါ မြို့ရှိ မြန်မာသံရုံးကို မနေ့က သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက မြန်မာသံရုံးအရာရှိတစ်ဦး ကို တောင်းဆိုချက်တွေပါတဲ့ စာတစ်စောင်လည်း ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဲဒီစာကို သံရုံးအရာရှိက လက်ခံရ ယူပြီး မြန်မာအစိုးရထံပို့မယ်လို့ ကတိပေးခဲ့တယ်လု့ိ ဆိုပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့ တိုရန်တိုမြို့မှာနေထိုင်သူ ဦးညွန့်လှ က မြန်မာ အစိုးရအနေနဲ့ လက်ရှိအခြေအနေတွေကို ဒီမိုကရေစီနည်းလမ်းကျစွာဖြေရှင်းဖို့ သူတို့တောင်းဆို ခဲ့တယ်လို့ RFA ကိုပြောပါတယ်။
"လာမယ့်ရွေးကောက်ပွဲအနေအထားတွေကို မျက်ခြေမပြတ်စောင့်ကြည့်သွားမှာဖြစ်တယ်၊ ကျောင်းသားတွေရဲ့ဒီမို ကရေစီ ပညာရေးစသည်ဖြင့်ဒီအချက် အလက်တွေရယ်၊ လယ်သိမ်း၊ ယာသိမ်း စသည့်ဖြင့်၊ ပြည်သူလူထုလက် ခံနိုင်တဲ့အဆင့်ထိ ရောက်အောင်၊ အစိုးရကဖြေရှင်းပေးဖို့ ကျနော်တို့တောင်းဆိုပါတယ်၊ အဓိက အားဖြင့်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်နိုင်တဲ့အထိ ကျနော်တို့ ဒီမိုကရက်တစ်တွေ ပြည်တွင်း၊ ပြည်ပ ဟန်ချက်ညီညီနဲ့ ကျနော် တို့ တိုက်ပွဲဝင်သွားမယ် ဆိုတဲ့အကြောင်း ကျနော်တို့ ဂတိသစ္စာပြုပါတယ်"
မနေ့က ဆန္ဒပြပွဲမှာ ကနေဒါနိုင်ငံတဝှမ်းရှိ တိုရွန်တို၊ ဗင်ကူးဗား၊ အော့တဝါ စတဲ့မြို့တွေက မြန်မာတွေအပြင် အမေရိ ကန်ပြည်ထောင်စုက သွားရောက်သူ စုစုပေါင်း လူ ၃ဝကျော် ပါဝင်ခဲ့ကြောင်းနဲ့ ဒီနေ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ လည်း တိုရွန်တိုမြို့မှာ မြန်မာတွေ ဆွမ်းကပ်လှူကြမယ်လို့သိရပါတယ်။
၁၉၈၈ အရေးတော်ပုံနှစ်ပတ်လည်အဖြစ် ကနေဒါနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားသူတချို့က အော့တဝါမြို့ မှာ ရှိတဲ့ မြန်မာသံရုံးရှေ့ ကို သောကြာနေ့ မနေ့က သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာပါဝင်သူတစ်ဦးဖြစ် တဲ့ တိုရန်တိုမြို့က ဦးညွန့်လှ ကို RFAအဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။