ကနေဒါမှာ မြန်မာနှစ်သစ်ကူး သြင်္ကန်ပွဲ ကျင်းပ

ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ မနေ့ ဧပြီလ ၂၃ ရက် စနေနေ့ ညနေပိုင်းက မဟာ သြင်္ကန်နှစ်သစ်ကူးပွဲ ကျင်းပခဲ့ပါတယ်။

ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ဧပြီလ ၂၃ ရက်က ၂ဝ၁၆ မဟာသြင်္ကန်နှစ်သစ်ကူးပွဲ ကျင်းပစဉ် Photo:Bcao Canada Facebook

ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ မနေ့ ဧပြီလ ၂၃ ရက် စနေနေ့ ညနေပိုင်းက မဟာသြင်္ကန်နှစ်သစ်ကူးပွဲ ကျင်းပ ခဲ့ပါတယ်။

ကနေဒါအခြေစိုက် မြန်မာကနေဒီယန်အသင်း BCAO အဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပြီး ကနေဒါရောက်  မြန် မာနိုင်ငံသားတွေအပြင် ဒေသခံကနေဒါ နိုင်ငံသားတွေကိုလည်း ဒီပွဲကို လာရောက်ခဲ့ကြ သလို မြန်မာသြင်္ကန် အကတွေအပြင် မြန်မာ့ရိုးရာ အစားအစာတွေနဲ့ပါ ဧည်ခံကျင်းပခဲ့တာဖြစ်တယ်လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့  ဦးညွန့်လှက ပြောပါတယ်။

ဒါ့အပြင်လည်း မြန်မာကနေဒီယန်အသင်း BCAO ထူထောင်ခြင်း ၂၅ နှစ်ပြည့် အခမ်းအနားကို လာမယ့်မေလ ၈ ၇က်နေ့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက အဆိုတော်တွေနဲ့ ဂီတဖျော်ဖြေပွဲကျင်းပမှာမို့ အခု သြင်္ကန်ပွဲတော် အတွင်း လက်မှတ်တွေကို ရောင်းချပေးခဲ့တယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org