မြန်မာ့ လူ့အခွင့်အရေးနေ့ ပြဋ္ဌာန်းဖို့ ကနေဒါရောက် မြန်မာများ တောင်းဆို

မတ်လ (၁၃) ရက်နေ့ ဖုန်းမော်နေ့ကို မြန်မာ့ လူ့အခွင့်အရေးနေ့အဖြစ် လွှတ်တော်က ဆုံးဖြတ် ပြဋ္ဌာန်းပေးဖို့ ကနေဒါနိုင်ငံရောက် ၈၈ မျိုးဆက် ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။

မြန်မာ့သမိုင်းတွင် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ မီးပွားတစအဖြစ် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ရခြင်းကို အထိမ်းအမှတ်ပြု ဖြန့်ချိသည့် ပိုစတာ တခုဖြစ်ပါသည်။ (Art Work by Ko Myoe) (Art Work by Ko Myoe)

အများ အားလပ်ရက်ဖြစ်တဲ့ စနေနေ့နဲ့ တိုက်ဆိုင်ပြီး ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ဖုန်းမော်နေ့ အခမ်းအနားကို မနေ့က ကျင်းပခဲ့တာပါ။ ဒီအခမ်းအနားမှာ ဒီမိုကရေစီ တိုက်ပွဲအတွင်း အသက်ပေးသွားတဲ့ ကျောင်းသားရဲဘော်တွေအတွက် ဆွမ်းကပ်လှူဒါန်း ကောင်းမှု ကုသိုလ်ပြုခဲ့ကြတယ်လို့ စီစဉ်သူ တစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုဌေးအောင်က ပြောပါတယ်။

မဆလ အစိုးရ လက်ထက် ၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ စက်မှုတက္ကသိုလ် ကျောင်းသားအရေးအခင်းမှာ စစ်တပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွဲတာကြောင့် သေဆုံးခဲ့ရတဲ့ ကျောင်းသား ကိုဖုန်းမော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဖုန်းမော်နေ့ (သို့မဟုတ်) မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် နှစ်စဉ် ကျင်းပခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org