မြစ်ဆုံစီမံကိန်းဆက်လုပ်ရင် ဗာတီကန်မြို့ထိသွားပြီး အကူအညီတောင်းမယ်လို့ ကာဒီနယ်ချားလ်စ် မောင်ဘိုပြော

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်သွားမယ်ဆိုရင် စီမံကိန်းကို ရပ်တန့်ပေးဖို့ အာရှတစ်တိုက်လုံးနဲ့ ဗာတီကန်မြို့အထိ သွားပြီး အကူညီတောင်းသွားမယ်လို့ ကက်သလစ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ် မောင်ဘိုက ပြောပါတယ်။

ကက်သလစ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ် မောင်ဘိုကို ၂၀၁၉၊ ဧပြီ ၂၀ ရက်နေ့က တွေ့ရစဉ် Photo: Zarni Htun/ RFA

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်သွားမယ်ဆိုရင် စီမံကိန်းကို ရပ်တန့်ပေးဖို့ အာရှတစ်တိုက်လုံးနဲ့ ဗာတီကန်မြို့အထိ သွားပြီး အကူညီတောင်းသွားမယ်လို့ ကက်သလစ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ် မောင်ဘိုက ပြောပါတယ်။

ကာဒီနယ်ချားလ်စ်ဘိုကို RFA က ဒီကနေ့ တွေဆုံမေးမြန်းခဲ့ရာမှာ ပြောဆိုလိုက်တာပါ။

ဧပြီလ ၁၈ ရက်နေ့ကလည်း မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရုပ်သိမ်းပေးဖို့ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ကာဒီနယ်ချားလ်စ် မောင်ဘိုက တရုတ် သမ္မတထံ ပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ တနင်္လာနေ့ကလည်း သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကို ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ခြင်း အပြီးတိုင် ရပ်တန့်ပေးဖို့ စာရေးသား မေတ္တာရပ်ခံထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org